၁၀.၅.၂၀၂၄
Written By ZUN

သမဝါယမဘဏ် လီမိတက် (CB Bank PCL) ဥက္ကဋ္ဌ ဦးခင်မောင်အေး ဖမ်းဆီးခံရခြင်းမှာ မဟုတ်မှန်ကြောင်း ယင်း၏မိသားစုနှင့်နီးစပ်သူက MT News သို့ မေလ ၁၀ ရက် ညနေတွင် အတည်ပြုပြောဆိုသည်။
ဦးခင်မောင်အေးအား နစက ဘက်က ဖမ်းဆီးထားကြောင်း နေပြည်တော် သတင်းရင်းမြစ်ကသိရသည်ဟု လူမှုကွန်ရက်သတင်းရပ်ဝန်းတွင် ပျံ့နှံ့နေသည့်အပေါ် ယင်းက အထက်ပါအတိုင်း ရှင်းလင်းပြောပြခြင်းဖြစ်သည်။
” မဟုတ်ဘူး။ မဟုတ်ဘူး။ ဘာမှမဖြစ်ဘူး။အေးအေးဆေးဆေး။ ဘာမှမဖြစ်ဘူး”ဟု ယင်းက ပြောသည်။
လူမှုကွန်ရက်တွင် ဦးခင်မောင်အေးကို ယခုရက်ပိုင်း အတွင်း ဖမ်းဆီးပြီး နေပြည်တော်တွင် စစ်ဆေးနေကြောင်း၊ မည်သည့်ကိစ္စဖြင့် ဖမ်းဆီးသည်ကိုမူ မသိရှိရသေးကြောင်း၊ ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်၍စစ်ဆေးနေခြင်းဟုပြောဆိုနေကြကြောင်း ရေးသားနေသော်လည်း MT News ၏ သတင်းရင်းမြစ်များအားလုံးက သတင်းမှားများ ဖြစ်ကြောင်း အတည်ပြုသည်။
ပုံစာ။ KBZ ဘဏ် နာယကကြီး ဦးအောင်ကိုဝင်း၏ဇနီး ယနေ့မွေးနေ့ပွဲတက်ရောက်လာသောဦးခင်မောင်ဝင်းပုံရိပ် (Photo – Sai Moe San)


