၁၀. ၅. ၂၀၂၄
Written by Nyein Kyaw

ကျောင်းအပ်လက်ခံရာတွင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး မည်သည့်အခကြေးငွေမျှ မကောက်ရမည့်အပြင် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုလုပ်ရန် ပညာရေးဝန်ကြီးဌာနက ယနေ့တွင် သတိပေးထုတ်ပြန်ထားသည်။

ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ‌ကျောင်းအပ်နှံရေး သီတင်းအပတ်အဖြစ် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ သတ်မှတ်ထားပြီး ဇွန်လ ၃ ရက် (တနင်္လာနေ့)တွင် ကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

This image has an empty alt attribute; its file name is photo_2024-05-10_13-18-16.jpg

ပညာရေးဝန်ကြီးဌာနမှ ကျောင်းအပ်လက်ခံရာတွင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ ထုတ်ပြန်ခဲ့ရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုလုပ်ရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုလုပ်ရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်း မပြုလုပ်ရန် သတိပေးထားသည်။

ထို့ပြင် ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက် ပညာသင်ယူနိုင်‌ရေး၊ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲ‌ရေးနှင့် ဂိမ်းစွဲလမ်းမှုပပျောက်စေရေးတို့အတွက် မိဘများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မေလ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူဦးရေ ၆,၄၇၃,၃၅၀ ( ၆ သန်းခွဲခန့်) ရှိပြီး ယခင်နှစ်ထက် ၈၆၀,၀၀၀ ကျော်ပိုမိုအပ်နှံခဲ့သည့်အပြင် ကျောင်းအပ်နှံမှု နောက်ကျသူများအတွက်လည်း ကျောင်းဖွင့်လှစ်သည့်တိုင် ကျောင်းအပ်နှံမှုများကို ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *