၁၀. ၅. ၂၀၂၄
Written by Pan Ei

နာမည်ကြီးအနုပညာရှင် ဇနီးမောင်နှံ စုံတွဲတစ်တွဲဖြစ်တဲ့ Justin Bieber နဲ့ Hailey တို့ဟာ တစ်ယောက်နဲ့ တစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတွေကြောင့် ပရိသတ်တွေကြား လူသိများသလို အခုအခါမှာလည်း သူတို့ရဲ့ ပထမဆုံးရင်သွေးလေးရရှိတော့မဲ့အကြောင်းကို သူတို့ရဲ့ အင်စတာဂရမ်အကောင့်တွေကနေတစ်ဆင့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့တကွ မနေ့က အသိပေးခဲ့ပါတယ်။

Baby သီချင်းနဲ့ ဆယ်ကျော်သက်ဘဝကတည်းက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ Justin Bieber ဟာ အခုအခါ ကလေးအဖေ ဖြစ်တော့မဲ့အတွက်လည်း ပရိသတ်တွေက ဝမ်းသာဂုဏ်ပြုပေးနေလျက်ရှိကြပါတယ်။

ဒါ့အပြင် မော်ဒယ်နဲ့ Rhode Skincare တည်ထောင်သူဖြစ်တဲ့ Hailey မှာ ကိုယ်ဝန်ခြောက်လကျော်ရှိနေပြီဖြစ်တယ်လို့ Hailey ရဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပြီး သူတို့စုံတွဲက ရင်သွေးလေးကို အတူတူ စောင့်မျှော်နေခဲ့တာကြာပြီဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ်မိကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် Hailey နဲ့ အသက် ၃၀ အရွယ် Justin တို့ဟာ အိမ်ထောင်သက် ၅ နှစ်ကျော်ရှိပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်က တရားရုံးမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Ref; CBS News

Leave a Reply

Your email address will not be published. Required fields are marked *