၉.၅.၂၀၂၄
Written By Thandar

ကြော်ငြာဘုရင်မလို့ တင်စားခေါ်ဝေါ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသမီး ထက်ထက်မိုးဦးရဲ့ Pre “Birthday Party” မွေးနေ့ပွဲကိုတော့ သမီးဖြစ်သူ စစ်လွန်းဝတီထက်က ရွှေလက်စွပ်နဲ့ မိခင်ကို ကန်တော့ခဲ့ပါတယ်။

“မေမေ့ မွေးနေ့မှာ မီးမီး ရောက်အောင်သွားခဲ့တယ်။ သမီးနဲ့ အတူရှိရတဲ့ အချိန်တွေမှာ မေမေ့ရဲ့ အပြုံးတွေက အရမ်းကို တန်ဖိုးရှိခဲ့ပါတယ် မေမေ ” လို့ သမီးဖြစ်သူ စစ်လွန်းဝတီထက်က ပြောပါတယ်။

သူတို့ သားအမိ နှစ်ယောက်လုံးကိုတော့ ပရိသတ်တွေက အရမ်းကို ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကို သမီးဖြစ်သူစစ်လွန်းဝတီထက်က Birthday Suprise Party မွေးနေ့အကြို မေလ ၈ ရက်နေ့ ညပိုင်းက ပြုလုပ်ပေးခဲ့ပါတယ်။ သမီးလေး စစ်လွန်းဝတီထက်က မိခင်ဖြစ်သူကို ပန်းစည်းလက်ဆောင် ၊ ရွှေလက်စွပ် ၊ သူမရဲ့ Idea လေးနဲ့ ပန်းအလှဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီမွေးနေ့အကြိုပွဲလေးမှာတော့ လက်စွပ်ဆင်တူလေး သားအမိနှစ်ယောက်အပြန်အလှန် ဝတ်ဆင်ပေးခဲ့ကြပြီး မွေးနေ့ကိတ်ကိုလည်း ချစ်ခင်ယုယစွာနဲ့ အပြန်အလှန် ကြွေးခဲ့ကြတဲ့ ကြည်နူးစရာ မြင်ကွင်းလေးလည်း ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *