၉. ၅. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မေလ ၂ ရက်ကနေ ၇ ရက်နေ့အထိ တိုက်ပွဲ ငါးရက်အတွင်း Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) တပ်ဖွဲ့၀င် လေးဦးသေဆုံးတယ်လို့ CDF-KKG က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူလေးဦးထဲမှာ CDF-KKG တပ်ရင်း(၇)က တပ်စုမှူး Dal Sin Mung (ခ) Da Mung၊ တပ်ရင်း(၄)က ပြန်ကြားရေးတာ၀န်ခံ Ya Ya Kam၊ တပ်ရင်း(၄) က နေလင်းအောင်နဲ့ တပ်ရင်း(၅) က အောင်လင်းထွန်းတို့ ဖြစ်ပြီး မေလ ၂ ရက်၊ ၄ ရက်၊ ၆ ရက်နဲ့ ၇ ရက်နေ့တိုက်ပွဲတွေမှာ သေဆုံးကုန်တာပါ။

ဒေသတွင်းသတင်းတွေအရ သေဆုံးသူလေးဦးမှာ သုံးဦးက တိုက်ပွဲအတွင်း ကျည်ထိမှန်သေဆုံးတာဖြစ်ပြီး ကျန်တဲ့တစ်ဦးကတော့ ကိုယ့်ဒရုန်းနဲ့ကိုယ် ထိမှန်သေဆုံးတာလို့လည်း ဖော်ပြထားကြပါတယ်။

ပုံစာ။ ယခုရက်ပိုင်းတိုက်ပွဲများတွင် သေဆုံးသော CDF-KKG တပ်ဖွဲ့ဝင်များ မြင်ကွင်း (Photo – CDF-KKG၊ Zofa Jouranal)

Leave a Reply

Your email address will not be published. Required fields are marked *