၉. ၅. ၂၀၂၄
Written by Ye Kyaw

ဆိပ်ကမ်းများရှိ တစ်နှစ်ကျော် လေလံကုန်သေတ္တာ ၅၁ လုံးအတွင်း ကုန်ပစ္စည်းများအား မျက်မြင်ဖွင့်ကြည့်ပြီး ဈေးနှုန်းဖြတ်ကာ တင်ဒါတင်သွင်းသည့်စနစ်ဖြင့် ရောင်းချသွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

“အရင်တစ်ခေါက်လိုပါပဲ လေလံဖောင်ဝယ်ပြီးတော့ ကိုယ့်ဘာသာ မျက်မြင်ကြည့်ပြီးတော့ ကိုယ်ပေးနိုင်တဲ့ဈေးပေးပြီး အိတ်ပိတ်တင်ဒါသွားတာ။ ကွန်တိန်နာမပါဘူး။ ကွန်တိန်နာအတွင်းရှိတဲ့ပစ္စည်း။ အဲဒါကို မျက်မြင်ကြည့်ဖွင့်ရမယ်။ ဖောင်ဝယ်ပြီး အဲဒီဖောင်မှာပါတဲ့ စည်းကမ်းချက်နဲ့ သွားကြည့်ရမှာ ကိုယ်ပေးနိုင်တဲ့ဈေးနဲ့ တစ်ခါတည်းပေးရမှာ။ တစ်ခါတည်းပေး တစ်ခါတည်းကြေညာပေးမှာ” ဟု လေလံတင်ထုခွဲရောင်းချရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

MIP, AWPT & HPT ဆိပ်ကမ်းများရှိ တစ်နှစ်ကျော် လေလံကုန်သေတ္တာ ၅၁ လုံးအတွင်းရှိ CLEAR FLOAT GLASS၊ GALVANIZED IRON WIRE၊ MACHINERY ANDACCESSORIES (USED)၊ တစ်ခါသုံးပလတ်စတစ်ခွက်များ၊ အသုံးပြုပြီးပစ္စည်းများနှင့် ကလေးအသုံးအဆောင်များ၊ သွားတိုက်ဆေးဘူးများ၊ Electrical Goods Accessories၊ BRAND NEW SANITRAY WARE AND ACCESSORIES ALUMINATE မီးခံဘိလပ်မြေအိတ်၊ REFRACTORY BRICKS (မီးခံအုတ်) & POLYESTER RING SPUN SEWING TREAD စသည့် ကုန်ပစ္စည်းများအား လက်ရှိ အမြင်အခြေအနေတိုင်း မေလ ၃၀ ရက်နေ့ နေ့လယ် ၁ နာရီတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ထုခြွရောင်းချမည်ဖြစ်သည်။

တင်ဒါလျှောက်ထားလိုသူများအနေဖြင့် တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Troll Gate အနီး) ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာနတွင် မေလ ၁၀ ရက်မှ ၂၈ရက်အထိ ရုံးဖွင့်ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်းမှာလည်း ဆိပ်ကမ်းများရှိ ကုန်ပိုင်ရှင်မှ စွန့်လွှတ်ပြီးဖြစ်သော လေလံကုန်သေတ္တာ ၁၆ လုံးနှင့် LCL Shipment ၁၀ ခုအတွင်းရှိ ကုန် ပစ္စည်းများအား မျက်မြင်ဖွင့်ကြည့်ပြီး ဈေးနှုန်းဖြတ်ကာ တင်ဒါတင်သွင်းမှုစနစ်ဖြင့် ရောင်းချခဲ့မှုများ ပြုလုပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *