ရီးရဲနဲ့ ဘိုင်ယန်တို့ ယှဥ်ပြိုင် ကစားကြမဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

၈ .၅ .၂၀၂၄
Written by MMAK

ချန်ပီယံလိဂ်ဟာ နတ်ကြီးတယ်လို့ ပြောရမလား အရာရာဟာ ထင်တိုင်းမဖြစ်တတ်ဘူး ပြောရမလား တစ်ကမ္ဘာလုံး PSG အသင်းကို ဖိုင်နယ်တက်ဖို့ ထင်ကြေးပေးကြပေမဲ့ တကယ်တက်ရောက်သွားတာက ဒေါ့မွန် ဖြစ်နေပါတယ်။ ချန်ပီယံလိဂ်နဲ့လက်တစ်ကမ်းပဲ တက်လှမ်းနိုင်တဲ့ PSG တို့ဟာ ဖိုင်နယ်တက်ဖို့ကံခေခဲ့တယ်လို့ပြောရမဲ့အခြေအနေလည်းဖြစ်သလို ဒီညမှာ ဘိုင်ယန်မြူးနစ်အသင်းသာ ဖိုင်နယ်တက်ခဲ့မယ်ဆိုရင် ဝင်ဘလေမှာကန်မဲ့ ဖိုင်နယ်ပွဲဟာ All – German Champions League Final ဖြစ်လာနိုင်ဖွယ်ရှိတာကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပထမအကျော့ ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ ရီးရဲက အိမ်ကွင်းဘာနေဗျူးမှာ ဂျာမန်ဘီလူးကြီးကို အနိုင်ယူပြီး ဖိုင်နယ် တက်သွားနိုင်မလားဆိုတာကလည်း စောင့်ကြည့်ချင်စရာ အကောင်းဆုံး ပွဲစဉ်အဖြစ် ရှိနေပါတယ်။ နှစ်သင်းလုံးက ဥရောပသမ္ဘာရင့်အသင်းတွေ ဖြစ်ကြပြီး ရီရဲအသင်းကတော့ ပိုသာတဲ့ အသင်းဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဖလားလေးလုံးယူထားတဲ့ အန်ဆယ်လော့တီနဲ့ ချန်ပီယံလိဂ်ဖလားတစ်လုံး ယူထားနိုင်တဲ့ သောမတ်တူချယ်တို့ရဲ့ နည်းဗျူဟာအားပြိုင်မှု၊ ချန်ပီယံလိဂ်ဖလား ဆယ့်လေးကြိမ်ရထားတဲ့ ရီးရဲမက်ဒရစ်အသင်းပြီးရင် လီဗာပူး၊ အေစီမီလန်တို့နဲ့အတူတူ ချန်ပီယံလိဂ်ဖလား ခြောက်ကြိမ်စီ ရရှိထားတဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ အားပြိုင်မှုဟာ ပရိတ်သတ်တွေ အထူးစိတ်ဝင်စားတဲ့ ပွဲစဉ်အဖြစ် ရှိနေတာဖြစ်ပါတယ်။

နှစ်သင်းလုံး ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားကြတယ် ဆိုပေမဲ့ ဒီရာသီမှာ ရီးရဲမက်ဒရစ်အသင်းက ပိုကောင်းတဲ့ ခြေစွမ်းမျိုးကို ပြသထားနိုင်ပြီး လူငယ်ကစားသမားတွေနဲ့ သမ္ဘာရင့်သက်ကြီး ကစားသမားတွေကို ချန်ပီယံလိဂ်မာစတာကြီး အန်ဆယ်လော့တီက အကောင်းဆုံး ထိန်းကျောင်းထားတာ တွေ့ရပါတယ်။ ဘိုင်ယန်မြူးအသင်းကတော့ ဒီဖလားတစ်လုံးသာ မျှော်လင့်ချက်ရှိနေပြီး နည်းပြတူချယ်နဲ့လမ်းခွဲဖို့ထိ သတင်းတွေကြားနေရလို့ ချန်ပီယံလိဂ်ဖလား ယူပေးနိုင်မှသာ ဆက်ရှိနေမဲ့ အနေအထားမျိုး ဖြစ်နိုင်ပါတယ်။

ဒီပွဲစဉ်မှာ အိမ်ရှင်ရီးရဲမက်ဒရစ်အသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးဟာ သင့်တင့်မျှတတဲ့ ပေါက်ကြေးဖြစ်ပေမဲ့ ဂိုးပေါင်းကြေးသုံးလုံးတစ်ဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးက စဉ်းစားချင်စရာကောင်းပါတယ်။ ပထမအကျော့ သရေကျထားတာကြောင့် နှစ်သင်းလုံး ထိန်းကစားလို့ရသလို တိုက်စစ်ကို ဗရမ်းဗတာ ဖွင့်ကစားဖို့ မလိုအပ်ပါဘူး။ ဒီအခြေအနေမှာ ဂိုးပေါင်းကြေး မြင့်မားနေပုံအရ ပွဲချိန် မိနစ်ကိုးဆယ်အတွင်းမှာ အဖြေပေါ်မဲ့ ပွဲလို့ယူဆထားပါတယ်။

မိနစ်ကိုးဆယ်အတွင်း အဖြေပေါ်မယ်လို့ ယူဆထားတဲ့အတွက် ဘာနေဗျူးကွင်းမှာ ရီရဲမက်ဒရစ်အသင်းကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး ဂျာမာန်ကလပ် ဒေါ့မွန်အသင်း ချန်ပီယံလိဂ်ဖိုင်နယ် တက်ထားတာဖြစ်တဲ့အတွက် ဂျာမာန်ကလပ်နောက်တစ်သင်းကို ပေးတက်တာဟာ သိပ်စိတ်ဝင်စားစရာမကောင်းတဲ့ ဖိုင်နယ်လို့ ပြောလို့ရမှာဖြစ်တဲ့အပြင် လိဂ်တူနှစ်သင်းဖြစ်လို့ တစ်သင်းကိုပဲ ပေးတက်ချင်တာကြောင့် တော်ဝင်ရီးရဲနဲ့တွေ့နေတဲ့ ဂျာမန်ဘီလူးကြီးကို ချန်ထားခဲ့ချင်ပါတယ်။

ပထမအကျော့ သရေကျထားတာကြောင့် ဒီပွဲမှာ မိနစ်ကိုးဆယ်အတွင်း သရေကျနိုင်ခြေရှိတဲ့အတွက် ဘိုင်ယန်မြူးနစ်ကို ရွေးချယ်မယ်ဆို သရေကျတာနဲ့ အနိုင်ရမှာ ဖြစ်တာကြောင့် ထိုးသားတွေ ဒီအချက်ကို လက်ကိုင်ထားပြီး ဘိုင်ယန်မြူးနစ်ရွေးချယ်သူတွေလည်း သင့်တင့်မျှတစွာ တွေ့နေရပါတယ်။

အောက်ကြေး ဘိုင်ယန်မြူးနစ်အသင်းကို လူကြိုက်များနေတာကြောင့် သိပ်မကြိုက်သလို ဂိုးပေါင်းကြေးမြင့်နေတဲ့အတွက် ပွဲချိန်အတွင်း အပြတ်ဖြတ်မယ်လို့ယူဆထားပါတယ်။ တကယ်လို့သရေကျမယ်ဆိုရင် ပထမအကျော့မှာ ဘိုင်ယန်မြူးနစ်က ကြေးပေးခဲ့သလို ပြားငါးဆယ်လောက်သာ ကြေးပေးရမယ်လို့ ယူဆထားပေမဲ့ လက်ရှိရီးရဲအသင်းပေါက်ကြေးက သရေအရှုံးထိ ဖြစ်နေတာကြောင့် ဘိုင်ယန်မြူးနစ်ဘော်ဒီသမားတွေကို ဆွဲခေါ်နေတယ်လို့ ထင်ပါတယ်။

ဒီအတွက်ကြောင့် အိမ်ကွင်းဘာနေဗျူးမှာ ရီရဲမက်ဒရစ်အသင်း မိနစ်ကိုးဆယ်အတွင်း အနိုင်ရပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်သွားမယ်လို့ ယူဆထားပြီး ဇွန်လ ၂ ရက်မှာ ဒေါ့မွန်နဲ့စီးချင်းထိုးမှာ ရီးရဲသာဖြစ်နိုင်မယ် ယူဆရင်း…..။

Leave a Reply

Your email address will not be published. Required fields are marked *