၅ .၅ . ၂၀၂၄
Written by MMAK

◾ချဲလ်ဆီး Vs ဝက်ဟမ်း

ချဲလ်ဆီးအသင်းက မထင်ထားရင်နိုင်ပွဲရလေ့ရှိပြီး လူကြိုက်များလာရင် တလွဲလုပ်တတ်တဲ့ အသင်းပါ။ ဝက်ဟမ်းအသင်းက နောက်ဆုံးငါးပွဲဆက်နိုင်ပွဲမရထားသလို ခံစစ်ကပေးဂိုးများနေတာကြောင့် အိမ်ရှင်ချဲလ်ဆီးအသင်းရဲ့ တစ်လုံးသရေ အကျောပေးမှုဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပေါက်ကြေးဖြစ်ပါတယ်။ ဘွတ်ကီတွေဟာ ချဲလ်ဆီးအသင်း ခြေစွမ်းသိပ်မကောင်းတဲ့ အချိန်မှာတောင် ပေါက်ကြေးပြင်းပြင်း ပေးတတ်သလို အထက်အောက်အသင်းဖြစ်နေတာကို တစ်လုံးသရေပေးထားတာ တွေ့ရပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးအပြည့်ရှုံးပေါက်ကြေးအရလည်း ချဲလ်ဆီးအသင်း ဂိုးရမယ် အနည်းဆုံး တစ်ဂိုးလောက်နဲ့နိုင်မယ်လို့ ယူဆလို့ရပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်တာကြောင့်ရယ် ပထမအကျော့ဝက်ဟမ်းကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တာရယ် ဒီပွဲနိုင်ရင် မန်ယူအသင်းရဲ့အထက်ကိုရောက်ရှိသွားမှာ ဖြစ်ပြီး ဥရောပဝင်ခွင့်တစ်နေရာ မျှော်လင့်လို့ရတဲ့ အခြေအနေအကြောင်းအရာတွေ တိုက်ဆိုင်နေတာကြောင့် အိမ်ရှင်ချဲလ်ဆီးအသင်း အနိမ့်ဆုံးတစ်ဂိုးလောက်နဲ့ နိုင်မယ်ထင်ပါတယ်။ ဒီပွဲကိုတော့ ချဲလ်ဆီးအသင်း မမှားလောက်တော့ပါဘူး။

◾ဘရိုက်တန် Vs ဗီလာ

အက်စတွန်ဗီလာအသင်း ယူရိုပါလိဂ်ဆီးမီးဖိုင်နယ်ရောက်မှ အိုလံပီယာကို့စ်အသင်းကို အိမ်ကွင်းကြီးမှာ ဂိုးပြတ်ရှုံးသွားတာဟာ ဒီပွဲအပေါ်မှာ သက်ရောက်မှုရှိလာနိုင်ပါတယ်။ ပွဲပန်းနေနိုင်တာက တစ်ကြောင်း၊ ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းက လီဗာပူးနဲ့ တွေ့နေတာကြောင့် ဒီပွဲကသိပ်မရေးမကြီးဘဲ ကြားရက်မှာကန်ရမဲ့ ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဉ်ကို စိတ်ရောက်နေနိုင်ပါတယ်။ ဘရိုက်တန်အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းလုံးဝမကောင်းနေသလို နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲမရထားဘဲ သွင်းဂိုးနှစ်ဂိုးသာ သွင်းထားနိုင်တာကြောင့် ဘရိုက်တန်အသင်းကို ဘယ်သူမှအထင်မကြီးပါဘူး။ ဗီလာအသင်းရဲ့ ဘော်ဒီကြေးပြားနှစ်ဆယ်အရှုံးဟာ နိုင်သင့်တဲ့ပေါက်ကြေး မဟုတ်သလို ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်ရှုံးပေါက်ကြေးအရ နှစ်သင်းလုံး ဂိုးရမယ်ထင်ပါတယ်။ အပြန်အလှန်တိုက်စစ် ဖွင့်ကစားကြမဲ့ ဂိုးပေါင်းကြေး ဖြစ်နေသလို ဘရိုက်တန်နဲ့ ဂိုးပေါ် နှစ်ခုထဲကတစ်ခု ဖြစ်နိုင်သလို နှစ်ခုလုံးအောင်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘော်ဒီအောက်ကြေး ဘရိုက်တန်နဲ့ ဂိုးပေါ် တွဲရွေးပေးချင်ပါတယ်။

◾လီဗာပူး Vs စပါး

စပါးအသင်းရဲ့ အဝေးကွင်းခြေစွမ်းက အားရစရာမရှိဘဲ ခံစစ်ကတအားပြဲပါတယ်။ ရှုံးပြီဟေ့ဆိုရင် ဂိုးပြတ်ကြီး ရှုံးတာမျိုးဖြစ်ပြီး နောက်ဆုံးအဝေးကွင်းလေးပွဲမှာ ဖူဟမ်၊ နယူးကာဆယ်နဲ့ ချဲလ်ဆီးအသင်းတို့ကို ဂိုးပြတ်ရှုံးခဲ့ပြီး ဝက်ဟမ်းအသင်းကို သရေသာရခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းက ဘာဖိအားမှရှိမနေတဲ့အပြင် အိမ်ကွင်းပွဲစဉ်ဖြစ်တာကြောင့် စပါးအသင်းကို အနိုင်ကန်ဖို့ ကြိုးစားလာမှာပါ။ ဒီပွဲစဉ်မှာ အိမ်ရှင်လီဗာပူးအသင်းက တစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေးက လေးလုံးနှစ်ဆယ်အရှုံးထိပေါက်နေတာ ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးအရ အပြန်အလှန်တိုက်စစ် ဖွင့်ကစားမယ်ဆို ခံစစ်ပြဲတဲ့ စပါးအသင်းကို မကြိုက်သလို စပါးအသင်းဖွင့်ကစားလာမယ်ဆို လီဗာပူးအသင်းရဲ့ အကြိုက်ဖြစ်သွားနိုင်ပြီး ဂိုးတွေသေချာပေါက် ပေးရပါလိမ့်မယ်။ လီဗာပူးလ်အသင်းတစ်ဂိုးအသာလောက်နဲ့ နိုင်မယ်လို့ယူဆထားသလို ခံစစ်ပြဲလွန်းတဲ့စပါးကြောင့် လီဗာပူးအသင်းတစ်ဂိုးရရင် နောက်ထပ်အနိုင်သေချာမဲ့ ဂိုးတွေထပ်ရသွားဦးမယ် ထင်ပါတယ်။ အနိမ့်ဆုံး တစ်ဂိုးအသာလောက်ကနေ စကြည့်ရမယ်ထင်တာကြောင့် ပြားငါးဆယ်ရင်းပြီး အိမ်ရှင်လီဗာပူးအသင်းကို ရွေးချယ်သင့်ပါတယ်။

◾ဟိုက်ဒမ်ဟိမ်း Vs မိန့်စ်

ဟိုက်ဒမ်ဟိမ်းအသင်းက အိမ်ကွင်းကောင်းတဲ့အသင်းဖြစ်သလို ဒီပွဲနိုင်လိုက်ရင် ဥရောပကွန်းဖရင့်လိဂ် ဝင်ခွင့်ရဖို့ နီးကပ်လာမှာဖြစ်ပြီး နောက်အပတ်မှာ ဖရိုင်းဘတ်ကို ထပ်အနိုင်ရခဲ့မယ်ဆိုရင် ဥရောပဝင်ခွင့်ပါ ရသွားနိုင်တာမျိုး တွေ့ရပါတယ်။ တန်းတက်အသင်းဖြစ်ပေမဲ့ ပထမရာသီမှာတင် ဥရောပဝင်ခွင့်တစ်နေရာရသွားမယ်ဆို သိပ်ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ မိန့်စ်အသင်းက အမှတ်လိုနေတာ မှန်ပေမဲ့ အဝေးကွင်းကနေ လှန်နိုင်သွားဖို့ဆိုတာ မလွယ်ပါဘူး။ မိန့်စ်အသင်း ရလဒ်ကောင်းလာတာ မှန်ပေမဲ့ အဝေးကွင်းနိုင်ပွဲလုံးဝမရသေးတဲ့ အသင်းဖြစ်ပါတယ်။ အိမ်ကွင်းကောင်းတဲ့ ဟိုက်ဒမ်ဟိမ်းလိုအသင်းကို အဝေးကွင်းနိုင်ပွဲ လုံးဝမရသေးတဲ့ မိန့်စ်အသင်းက လှန်နိုင်သွားမယ်လို့ မထင်ပါဘူး။ ဒီပွဲစဉ်မှာ အဝေးကွင်းမိန့်စ်အသင်းက ပြားနှစ်ဆယ်အရှုံးပြန်ပေးထားတာကြောင့် သရေကျရင်ကို ပြားနှစ်ဆယ်အနိုင်ရမှာ ဖြစ်ပါတယ်။ အိမ်ရှင်ဟိုက်ဒမ်ဟိမ်းအသင်း မရှုံးနိုင်ဘူးလို့ ယူဆထားတာကြောင့် ဟိုက်ဒမ်ဟိမ်းအသင်းဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

◾အေစီမီလန် Vs ဂျီနိုအာ

အမှတ်ပေးဇယား ဒုတိယနေရာက အေစီမီလန်အသင်း အမှတ်မလိုတော့သလို ချန်ပီယံလိဂ်ဝင်ခွင့်နေရာ သေချာနေခဲ့ပြီ ဖြစ်ပါတယ်။ အဝေးကွင်းဂျီနိုအာအသင်းကလည်း အမှတ်မလိုတော့လို့ ဘာဖိအားမှရှိမနေဘဲ အေစီမီလန်အိမ်ကွင်းမှာ သရေတစ်မှတ်လောက်သာ ဦးတည်ကစားလာနိုင်ပါတယ်။ ဂျီနိုအာအသင်းက အသင်းကြီးတွေနဲ့ ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ဂိုးပေါင်းအောက်ခဲ့တာ များပြီး ခံစစ်အသားပေးကစားတာ သိသာသလို နောက်ဆုံးခြောက်ပွဲမှာ လေးပွဲဂိုးအောက်ထားပြီး နှစ်ပွဲက သုံးဂိုးထိသာရောက်ခဲ့ပြီး လေးဂိုးရောက်တဲ့ပွဲမရှိပါဘူး။ ဒီပွဲမှာ အိမ်ရှင်အေစီမီလန်အသင်းက တစ်လုံးနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ဖြစ်ပါတယ်။ အေစီမီလန်အသင်း ကပ်နိုင်သွားဖို့ ရှိပေမဲ့ နှစ်သင်းပေါင်းသွင်းဂိုး လေးဂိုးထိမရောက်နိုင်ပါဘူး။ စီရီးအေပွဲစဉ်တွေဟာ ဂိုးအောက်သွားတာများသလို ကြေးမြင့်တိုင်းလည်း ဂိုးပေါ်မသွားပါဘူး။ ပိတ်ကစားလာမဲ့ ဂျီနိုအာကြောင့် နှစ်သင်းပေါင်းသွင်းဂိုး လေးဂိုးထိ မရောက်နိုင်ဘူးလို့ ယူဆပါတယ်။ အလွန်ဆုံးသုံးဂိုးလောက်သာ ဖြစ်နိုင်လို့ ပြားနှစ်ဆယ်ရင်းပြီး ဂိုးအောက်နေပါမယ်။

◾ယူနီယံဘာလင် Vs ဘိုချမ်

အရင်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တဲ့ ယူနီယံဘာလင်းအသင်း ခုရာသီမှတော့ တန်းဆင်းဇုန်အထက်နားမှာ တိုင်ပတ်နေပါတယ်။ အဓိက ကတော့ သူတို့အသင်းရဲ့ တိုက်စစ်က တစ်ပွဲတစ်ဂိုးသွင်းနိုင်ဖို့ကို ခက်ခဲနေတာ တွေ့ရပြီး နောက်ဆုံးငါးပွဲမှာ သွင်းဂိုးတစ်ဂိုးသာ သွင်းထားနိုင်ပါတယ်။ ဒီပွဲစဉ်ဟာ တန်းဆင်းဇုန်ပြိုင်ဘက်အသင်းတွေ ဖြစ်ကြလို့ အမှားခံလို့မရသလို ထိန်းကစားကြဖို့များပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ ခက်ခဲနိုင်ပါတယ်။ ဘိုချမ်အသင်းကလည်း အဝေးကွင်းညံ့တဲ့အသင်း ဖြစ်တာကြောင့် ထိန်းကစားလာဖို့များပါတယ်။ ဂိုးရတဲ့အသင်းက ပိတ်ကစားမှာဖြစ်ပြီး နောက်ထပ်သွင်းဂိုးတွေ ထပ်သွင်းနိုင်ဖို့ထက် ချေပဂိုးပြန်မပေးရဖို့ အလေးထားမဲ့အသင်းတွေ ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါလို ဂိုးပေါ်သွားတဲ့လိဂ်မှာ ဂိုးပေါင်းကြေး နှစ်လုံး ကိုးဆယ်ရှုံးဆိုတာ ဂိုးပေါင်းအောင်မဲ့ကြေးမဟုတ်သလို ယူနီယံဘာလင်အသင်းဟာ ဂိုးအောက်အသွားဆုံး အသင်းဖြစ်နေပါတယ်။ ဒီပွဲစဉ်ဟာ အိမ်ရှင်နိုင်ရင်တစ်ဂိုး မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးဖို့များပါတယ်။ ဒီအတွက်ကြောင့် ဂိုးပေါင်းအောက် တစ်ကြောင်းတည်းကို ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *