၅. ၅. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနှင့်မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ထိခိုက်ကျဆင်းခဲ့ရကြေင်း ထိုင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများ အပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် နိုင်ငံရေးမတည်ငြိမ်မှုများရှိနေသော်လည်း ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးကို ၁ ရာခိုင်နှုန်း မြင့်တက်လာစေရန် ပစ်မှတ်ထားနေကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနကပြောသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနှင့်မြန်မာနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းနှင့်ဆက်နွယ်သော သယ်ယူ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို သက်ရောက်မှုများဖြစ်လာခဲ့ကြောင်း သိရသည်။ မတ်လအတွင်း ထိုင်းနှင့်မြန်မာနယ်စပ်ကုန်သွယ်ရေးပမာဏသည်ထိုင်းဘတ် ၁၉ ဒသမ ၇ဘီလျံအထိသာရှိခဲ့ပြီး ပြီးခဲ့သောနှစ် မတ်လနှင့်နှိုင်းယှဉ်လျှင် ၁၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ရကြောင်း သိရသည်။ မတ်လတွင် မြန်မာနိုင်ငံသို့တင်ပို့သော ထိုင်းနိုင်ငံ၏ ပို့ကုန်ပမာဏသည် ၁၁ ဒသမ ၂ ဘီလျံအထိသာရှိခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ပြန်တင်သွင်းသော ကုန်ပစ္စည်းပမာဏက ထိုင်းဘတ် ၈ ဒသမ ၅၂ ဘီလျံသာ ရှိခဲ့သည်။

ထိုင်းနှင့် မြန်မာနိုင်ငံတို့၏ နယ်စပ်ကုန်သွယ် ရေးပမာဏာသည် ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း ထိုင်းဘတ် ၄၄၂ ဘီလျံရှိခဲ့ပြီး ပြီးခဲ့သော ၂၀၂၃ ခုနှစ် ပထမ လေးလကာလနှင့် နှိုင်းယှဉ်လျှင် ၂ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

ထိုင်း စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်နေလျှင်လည်း နယ်စပ်စစ်ဆေးရေးဂိတ်အားလုံးကို ဖြတ်သန်းခွင့်လိုင်စင် အပါအဝင် ကုန်သွယ်ရေးလုပ်ငန်းများ ပိုမို ကောင်းမွန်စေရန်အတွက် မြန်မာအစိုးရနှင့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန် ထိုင်းအစိုးရကို တိုက်တွန်တောင်းဆိုနေကြောင်း သိရသည်။

REF , Aseannow

Leave a Reply

Your email address will not be published. Required fields are marked *