၅.၅. ၂၀၂၄
Written by Hey Mar

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ မြသပိတ်တောင်တက်လမ်းမှာ လူငယ်တစ်ဦး ရေဓာတ်ခမ်းခြောက် သေဆုံးခဲ့တဲ့ဖြစ်စဥ် မနေ့က မေလ ၄ ရက် နေ့လယ် နှစ်နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အပူချိန်ပြင်းလွန်းတာကြောင့် ရေငတ်ပြီး ရင်ဘတ်အောင့်ကာ အသက် ၁၉ နှစ်အရွယ်အမျိုးသားလူငယ်တစ်ဦး မြသပိတ် တောင်တက်လမ်းမှာ သတိလစ်လဲကျခဲ့တာကြောင့် တောင်တက်ကားတစ်စီးက သထုံနှင်းဆီ(အကြင်နာတွဲလက်အသင်း) ကို လာရောက်အသိပေးပြောပြခဲ့တာလို့ သိရပါတယ်။

အဆိုပါ အသင်း တာဝန်ရှိသူက”ကျွန်တော်တို့ရောက်တဲ့အချိန်မှာ သူကလဲကျပြီး အသက် မရှိတော့ပါဘူး။ ဒါပေမယ့် လုပ်ငန်းစဥ်တွေမကြန့်ကြာရအောင်နဲ့ မိသားစုဝင်တွေ စိတ်ချမ်းသာအောင် ဆေးရုံ အမြန် ပို့နိုင်ရေးပဲ ကြိုးစားပေးခဲ့ပြီး ဆေးရုံက အတည်ပြုချက်ပေးတဲ့အခါ လူငယ်ရဲ့ နေအိမ်ကို မိသားစုဆန္ဒအရ ရုပ်အလောင်းကို လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်”လို့ MT News ကို ပြောပါတယ်။

သေဆုံးသူလူငယ်ဟာ ကြီးကြီးမားမားရောဂါလည်းမရှိဘဲ ဘောလုံးအားကစားသမားတစ်ဦးဖြစ်ကာ မြို့နယ်အသင်းတွေမှာလည်း ပါဝင်ယှဥ်ပြိုင်ကစားနေသူတစ်ဦးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *