၄ .၅ .၂၀၂၄
Written by MMAK

◾အာဆင်နယ် Vs ဘုန်းမောက်

အာဆင်နယ်အသင်း ဖလားရဖို့အတွက် ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်မရှိဘဲ မန်စီးတီးအသင်းရဲ့ တစ်ပွဲလောက် ခြေချော်မှုအပေါ်မှာ မူတည်နေပါတယ်။ ဘယ်လိုဖြစ်ဖြစ် ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ထားရမှာဖြစ်ပြီး လက်ကျန်သုံးပွဲလုံးကို အနိုင်ကန်ထားဖို့ လိုအပ်ပါတယ်။ အိမ်ကွင်းဖြစ်နေတာရယ် အကောင်းဆုံးခြေစွမ်းနဲ့ ဖလားယူဖို့စိတ်ဓာတ်ပြင်းပြနေတဲ့ကစားသမားတွေကြောင့် အာဆင်နယ်အသင်းနိုင်ဦးမှာပါ။ သိုပေမဲ့ နှစ်လုံးနှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ အာဆင်နယ်အသင်း သုံးဂိုးပြတ်ကြီးနိုင်ပါ့မလား စဉ်းစားရမှာဖြစ်ပါတယ်။ ပြိုင်ဘက်ဘုန်းမောက်အသင်းကလည်း ခြေစွမ်းအရမ်းမညံ့နေသလို တိုက်စစ်ပိုကောင်းတဲ့အသင်းဖြစ်ပြီး နောက်ဆုံးဆယ်ပွဲဆက် ဂိုးသွင်းထားနိုင်ပါတယ်။ ဆိုလန်ကီ၊ ဆီမီညိုနဲ့ ကူလီဗတ်တို့တိုက်စစ်ကစားသမားသုံးယောက်က အလယ်အလတ်အဆင့်ထက် သာလွန်တဲ့ ခြေစွမ်းမျိုးရှိတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ဘုန်းမောက်အသင်းရဲ့ တိုက်စစ် တော်တော်ကောင်းနေတယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်က အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာရာဟာ ပရီးမီးယားလိဂ်ရဲ့ Clean sheets အများဆုံး ဂိုးသမားဆုရသွားခဲ့သလို အာဆင်နယ်အသင်းရဲ့ ခံစစ်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်ပါတယ်။ ဒီအချိန်မှာ ဂိုးပေါင်းကြေး သုံးလုံးအပြည့်ရှုံးဆိုတဲ့ ပေါက်ကြေးက ဘုန်းမောက်အသင်းလည်း ဂိုးရနိုင်တယ်ဆိုတဲ့ ပေါက်ကြေးမျိုးဖြစ်ပါတယ်။ ဘုန်းမောက်အသင်း တစ်ဂိုးရတာနဲ့ မရှုံးတော့မှာဖြစ်လို့ ဘုန်းမောက်ဘော်ဒီနဲ့ ဂိုးပေါ်ကို တွဲရွေးစေချင်ပါတယ်။

◾ဘရန့်ဖို့ Vs ဖူဟမ်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဂိုးပေါင်းကြေးတွေ သိသိသာသာ မြင့်တက်နေတာ တွေ့ရပါတယ်။ အမှတ်လိုတဲ့အသင်းတွေ ရာသီပြီးခါနီးမှာ အသည်းအသန်ကစားကြတာကြောင့် ဂိုးပေါင်းကြေးတွေ မြင့်တက်နေတာဖြစ်ပါတယ်။ ဒီနှစ်သင်းလုံး အမှတ်မလိုကြတဲ့ နှစ်သင်းဖြစ်တာကြောင့် သူနိုင်ကိုယ်နိုင် အပြတ်
ဖြတ်ကြမဲ့ နှစ်သင်းလို့ ယူဆထားသလို နှစ်သင်းလုံးက တိုက်စစ်ကောင်း ခံစစ်ပြဲဆိုတဲ့ အသင်းတွေဖြစ်ပါတယ်။ တိုက်စစ်အသားပေးအသင်းတွေ ဖြစ်တာကြောင့် ခံစစ်ကပေးဂိုးပြန်ပေးရတာဖြစ်သလို နှစ်သင်းလုံး ပေးဂိုးများပြီး ဂိုးကွာခြားချက်မှာ အနုတ်ပြနေတဲ့ အသင်းတွေဖြစ်ပါတယ်။ ဒီပွဲကရှင်းပါတယ်။ နှစ်သင်းလုံးဂိုးရမယ်။ တစ်ဖက်တစ်ဂိုးစီကနေ အနိမ့်ဆုံးစကြည့်ရမဲ့ ပွဲမျိုးဖြစ်ပါတယ်။ ဂိုးပေါင်းကြေးသုံးလုံးသရေဆိုတဲ့ ပေါက်ကြေးမှာ သွင်းဂိုးတွေနဲ့ ပရိတ်သတ်အကြိုက် ဖျော်ဖြေပေးမဲ့ ပွဲစဉ်မျိုးဖြစ်တာကြောင့် အနိမ့်ဆုံး သုံးဂိုးကနေစကြည့်ရမဲ့ပွဲပါ။ ဂိုးပေါ်တစ်ကြောင်းတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ဘန်လေ Vs နယူးကာဆယ်

ပရီးမီးယားလိဂ်မှာ တန်းဆင်းရမဲ့ နှစ်နေရာအတွက် သုံးသင်းလုရမဲ့ အခြေအနေဖြစ်ပြီး သောကြာညမှာကစားခဲ့တဲ့ လူတန်အသင်း တစ်မှတ်ရသွားသလို တန်းဆင်းသွားရပြီဖြစ်တဲ့ ရှက်ဖီးအသင်းနဲ့ ကန်ရမဲ့ နော်တင်ဟန်ဖောရက်အသင်းလည်း အနိမ့်ဆုံး တစ်မှတ်ရပါလိမ့်မယ်။ ဒီနှစ်သင်းထက် ရမှတ်ပိုနည်းတဲ့ ဘန်လေအသင်းက အမှတ်ပိုလိုတဲ့ အသင်းလို့ပြောလို့ရပြီး သရေတစ်မှတ်မဟုတ်ဘဲ အနိုင်သုံးမှတ်ထိ လိုအပ်တဲ့အသင်းဖြစ်ပါတယ်။ နည်းပြကွန်ပနီရဲ့ ဘန်လေအသင်းရုန်းအားပိုကောင်းလာတာ တွေ့ရပြီး တန်းမဆင်းရဖို့ ရုန်းကန်ကစားလာတာ တွေ့ရပါတယ်။ စာရေးသူထင်ကြေးအရဆို လူတန်အသင်းတန်းဆင်းရမယ်။ နောက်တစ်နေရာအတွက်က ပိုစိတ်ဝင်စားဖို့ကောင်းနေပြီး ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ဘန်လေအသင်းနဲ့ နော်တင်ဟန်ဖောရက်အသင်းထိပ်တိုက်တွေ့နေတာကြောင့် နိုင်တဲ့အသင်းက တန်းကျန်မယ်ဆိုတဲ့ အခြေအနေဖြစ်လာပါလိမ့်မယ်။ ဒီညမှာ နော်တင်ဟန်ဖောရက်အသင်း နိုင်မယ်လို့ယူဆထားတာကြောင့် ဘန်လေအသင်း အမှတ်ရထားဖို့လိုအပ်သလို နော်တင်ဟန်ဖောရက်အသင်းကို အမှတ်လိုက်ကပ်ထားဖို့လိုပါတယ်။ ဒီအတွက်ကြောင့် ဒီညမှာ ဘန်လေအသင်းအနိမ့်ဆုံးသရေရမယ်ထင်သလို နိုင်ရင်တောင်နိုင်သွားနိုင်ပါတယ်။ နယူးကာဆယ်အသင်းလည်း ဥရောပဝင်ခွင့်ရဖို့ အမှတ်လိုတာဖြစ်ပေမဲ့ အဝေးကွင်းသိပ်မကောင်းတာတွေ့ရသလို ဒီပွဲသေရကျလို့ရပြီး ရှုံးလို့လည်းရပါတယ်။ ဥရောပဝင်ခွင့်ရဖို့အတွက် ပြိုင်ဘက်အသင်း မန်ယူနဲ့ထိပ်တိုက်တွေ့ဆုံမှု ပွဲစဉ်ကစားရဖို့ကျန်သေးတာကြောင့် အဒီပွဲမှာ နိုင်တဲ့အသင်းက ယူရိုပါလိဂ်ဝင်ခွင့်ရသွားမယ်လို့ထင်ပါတယ်။ ဒီအချက်ကြောင့် နယူးကာဆယ်အသင်း သရေကျလို့ရသလို ရှုံးလို့လည်းရပြီး နောက်တစ်ပတ်အိမ်ကွင်းပွဲ ဘရိုက်တန်နဲ့မှ ပြန်နိုင်ပါလိမ့်မယ်။ ဒီပွဲစဉ်မှာ နယူးကာဆယ်အသင်းက သရေအရှုံးပေးထားတာဖြစ်လို့ အိမ်ရှင်ဘန်လေအသင်းကို ရွေးချယ်ပေးချင်ပါတယ်။ ဘန်လေအသင်းနိုင်ရင်တောင်နိုင်သွားမယ်လို့ ယူဆထားသလို သရေကျရင်တောင်ကြေးအပြည့်ရမှာ ဖြစ်တဲ့အတွက် ဘန်လေပါပဲ။

◾ရှက်ဖီး Vs နော်တင်ဟန်ဖောရက်

ရှက်ဖီးအသင်း Official တန်းဆင်းသွားရပြီ ဖြစ်တာကြောင့် ဘာမှအရေးမကြီးတော့ဘဲ ပွဲစဉ်တိုင်းကို တိုက်စစ်ဖွင့်ကစားပြီး ပေးဂိုးတွေအများကြီး ခွင့်ပြုထားတာ တွေ့ရပါတယ်။ ခံစစ်က နောက်ဆုံးသုံးပွဲဆက် အနိမ့်ဆုံးလေးဂိုးထိတောင် ပေးထားရပါတယ်။ နော်တင်ဟန်ဖောရက်က တန်းမဆင်းရဖို့ နိုင်ပွဲလိုအပ်နေချိန်မှာ ရှက်ဖီးအသင်းနဲ့တွေ့တာဖြစ်တဲ့အတွက် အနိုင်သုံးမှတ်ထိရအောင် ကစားမဲ့ပွဲစဉ်ပါ။ နောက်ပိုင်းပွဲစဉ်တွေမှာ ရှက်ဖီးအသင်း တိုက်စစ်ဖွင့်ကစားလာတာတွေ့ရပြီး ပေးဂိုးတွေခွင့်ပြုရပြီဆိုရင် ခံစစ်ကပိုပြဲလာပြီး ပြိုင်ဘက်အသင်း သွင်းသလောက် ခံနေရတာမျိုးတွေ့ရပါတယ်။ အိမ်ရှင်ရှက်ဖီးအသင်း ဖောရက်အသင်းကို ဒုက္ခပေးဖို့ ကြိုးစားမှာဖြစ်ပြီး တိုက်စစ်ဖွင့်ကစားရင်း ခံစစ်ပြဲထွက်ပြီး နော်တင်ဟန်ဖောရက်အသင်းရဲ့ သွင်းဂိုးတွေကို ပိုမြင်ရပါလိမ့်မယ်။ နော်တင်ဟန်ဖောရက်အသင်းရဲ့ တစ်လုံးသုံးဆယ်စားပေါက်ကြေးအရ နော်တင်ဟန်ဖောရက်အသင်း နိုင်ဦးမှပါ။ ဒါ့အပြင် ဂိုးပေါင်းကြေး သုံးလုံးသ​ရေပေါက်ကြေးမှာ ဂိုးပေါ်ပါ တွဲရွေးချင်ပါတယ်။ ခံစစ်ပြဲတဲ့ ရှက်ဖီးအသင်းနဲ့ အနိုင်ရမှဖြစ်မဲ့ နော်တင်ဟန်ဖောရက်အသင်းတို့ကြောင့် ဖောရက်အသင်းရဲ့ အနိုင်က ပြတ်သားသွားနိုင်ပြီး ဘော်ဒီနဲ့ ဂိုးပေါင်း နှစ်ခုလုံးပါ အောင်သွားမယ်ထင်ပါတယ်။ နော်တင်ဟန်ဖောရက်ဘော်ဒီနဲ့ ဂိုးပေါ်နှစ်ခုထဲက တစ်ခုအောင်နိုင်သလို စုံအောင်သွားတာမျိုးပါ ဖြစ်နိုင်တာကြောင့် ဖောရက်အသင်းနဲ့ဂိုးပေါ် စုံရွေးပါ။

◾မန်စီးတီး Vs ဝုဗ်

တစ်ပွဲလျော့ မန်စီးတီးအသင်း ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်ရှိနေပြီး လက်ကျန်လေးပွဲလုံး အနိုင်ရမယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို လေးကြိမ်ဆက် သိမ်းပိုက်ရယူပြီး စံချိန်တင်မှာ ဖြစ်ပါတယ်။ အိမ်ကွင်းဖြစ်နေတာရယ် သေချာပေါက်အနိုင်ကန်ရမှာ ဖြစ်တာကြောင့် မန်စီးအသင်းနိုင်ဦးမှာ ဖြစ်ပေမဲ့ သုံးဂိုးပြတ်အနိုင်ရမှ ကြေးအောင်မှာ ဖြစ်တာကြောင့် သုံးဂိုးပြတ်အနိုင်ရပါ့မလား စဉ်းစားရမှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်းပွဲစဉ်တွေမှာ ဝုဗ်အသင်းခြေစွမ်းကျနေတာတွေ့ရပြီး တိုက်စစ်က သိပ်အလုပ်မဖြစ်တာတွေ့ရတာကြောင့် သုံးပွဲဆက် ဂိုးမပေးထားရတဲ့ မန်စီးတီးအသင်းရဲ့ ခံစစ်ကို ဂိုးသွင်းနိုင်မယ်လို့ မထင်ပါဘူး။ မန်စီးတီးအသင်းက ဘောလုံကိုင်ကစားပြီး ဝုဗ်အသင်းက ခံစစ်ပိတ်ကစားမှာ ဖြစ်တာကြောင့် မန်စီးတီးအသင်းဂိုးရနောက်ကျနိုင်သလို နှစ်ဂိုးလောက်ထိရသွားတဲ့အချိန် မန်စီးတီးအသင်း ဂိုးထပ်သွင်းဖို့ မကြိုးစားတော့ဘဲ ဘောလုံးကိုင်ထားပြီး ဟိုပေးလိုက်ဒီပေးလိုက်ပလာတာရိုက်နေပါလိမ့်မယ်။ ဂိုးပေါင်းကြေး လေးလုံးငါးဆယ်စားပေါက်ကြေးမှာ ဝုဗ်အသင်းဂိုးမရဘူးလို့ ယူဆထားတဲ့အတွက် မန်စီးတီးတစ်သင်းတည်း ငါးဂိုးထိသွင်းမှ အပြည့်ရှုံးမှာပါ။ ဒီလိုပေါက်ကြေးတွေမှာ မန်စီးတီးအသင်း လုပ်ပွဲတအားလုပ်တဲ့ ပေါက်ကြေးတွေဖြစ်တာကြောင့် မန်စီးတီးအသင်း နိုင်ရင်တောင် ဂိုးမပြတ်နိုင်သလို ဘော်ဒီနဲ့ဂိုးပေါ် နှစ်ခုလုံး စုံအောင်မဲ့ပွဲမဟုတ်ပါဘူး။ ဘော်ဒီတောင် အောင်ဖို့သိပ်မသေချာသလို နှစ်ဂိုးလောက်နဲ့ ရပ်သွားတာမျိုး ဖြစ်နိုင်တာကြောင့် ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *