၄..၅.၂၀၂၄.
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်းတွင် မြေပြိုမှုများနှင့် ရေကြီးမှုများကြောင့် အနည်းဆုံးလူ ၁၅ ဦးသေဆုံးကာ အိမ်အများအပြားလည်း ရေစီးနှင့်မျောပါပြီး လမ်းများလည်းပျက်စီးခဲ့ရကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအေဂျင်စီက မေလ ၄ ရက်တွင်ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံအတွင်း မိုးရာသီဆိုလျှင် မြေပြိုမှုများက အလွန်ဖြစ်လေ့ရှိသည်။ အချို့ဒေသများတွင် သစ်တောပြုန်းတီးမှုများနှင့်တွေ့ကြုံနေရကာ ရက်ကြာရှည်မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နိုင်ငံ၏အချို့နေရာများတွင်လည်း ရေကြီးမှုနှင့် ရင်ဆိုင်ရလေ့ရှိသည်။

ယခုအကြိမ်တွင် မြေပြိုမှုများက တောင်ဆူလာဝီစီပြည်နယ်၊ လူဝုနယ်တွင် ဒေသစံတော်ချိန် မေလ ၃ ရက်၊ နံနက် ၁ နာရီကျော်တွင်‌ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ လူဝုနယ်အတွင်း မြေပြိုမှုများနှင့် ရေကြီးမှု များကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ရကာ အိမ်ခြေ ၁၀၀ ကျော်ဆိုးဝါးစွာပျက်စီးပြီး ၄၂ အိမ်မှာ ရေစီးတွင် မျောပါကာ လမ်းများနှင့်တံတားတစ်ခုလည်း ပျက်စီးခဲ့ကြောင်းသိရသည်။ မြေပြိုမှုများနှင့်ရေဘေးတို့က စုစုပေါင်း အိမ်ခြေ ၁,၈၀၀ ကျော်ကို သက်ရောက်မှုရှိခဲ့ကြောင်းသိရသည်။

ဒေသအတွင်း လူပေါင်း ၁၀၀ ကျော်ကို ဗလီများနှင့် ဆွေမျိုးများ၏အိမ်များသို့ ကယ်ဆယ်ရွှေ့ပြောင်းထားရပြီး ရေဘေးသင့်ခံရသော မိသားစုပေါင်း ၁,၃၀၀ ကျော်ကို ကယ်ဆယ်မှုများပြုနိုင်ရေး ဒေသအာဏာပိုင်များက ကြိုးပမ်းလျက်ရှိသည်။

တောင် ဆူလာဝီစီပြည်နယ်၏ အခြားဒေသတစ်ခုတွင်လည်း ရေကြီးမှုများကြောင့် မေလ ၃ ရက်က လူတစ်ဦးသေဆုံးကာ အခြားနှစ်ဦးဒဏ်ရာရခဲ့သေးကြောင်းသိရသည်။

Ref-CNA

Leave a Reply

Your email address will not be published. Required fields are marked *

Related News