၂.၅.၂၀၂၄
Written By Thandar

ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ အဆိုတော်ရော်ရွက်ကတော့ အိမ်ထောင်ပြုပြီးရင်လည်း ချစ်ရတဲ့ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေ ဆက်လုပ်ဖို့ အစီအစဉ်တွေ ရှိပါတယ်လို့ဆိုပါတယ်။

ရော်ရွက်@‌ကျော်မျိုးအောင်ကတော့ ချစ်သူနှင်းနန္ဒာဖြိုးနဲ့ မင်္ဂလာဧည့်ခံပွဲကြီးကို မေလ ၁ ရက်နေ့က ရန်ကုန်မြို့ ကျောက် တန်းမြို့နယ် တံတားမြို့နယ်ခွဲ စစ်တန်းကျေးရွာမှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

“ချစ်ရတဲ့ ပရိတ်သတ်ကြီးကို အသိပေးစရာ ရှိပါတယ်ဗျာ။ ကျွန်တော် ရော်ရွက် ချစ်သူ မမနှင်းနန္ဒာဖြိုးနဲ့ အိမ်ထောင်ပြုလိုက်ပါပြီဗျာ။ အကြိုမင်္ဂလာပွဲ‌လေးကို ဧပြီလ (၃၀) ရက်နေ့က ကျွန်တော်ရဲ့ မွေးရပ်ရွာကလေးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ စစ်တန်းကျေးရွာရှိ ကျွန်တော်ရဲ့နေအိမ်မှာ ကျင်းပခဲ့ပါတယ်ဗျာ” လို့ အဆိုတော်ရော်ရွက်က ပြောပါတယ်။

သူတို့နှစ်ယောက်ဟာတော့ နှစ်ဖက်မိဘများ ဂီတမောင်နှတွေရဲ့ တက်ရောက်မှုနဲ့အတူ ပျော်ရွှင်စွာ မင်္ဂလာပွဲကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ရော်ရွက်နဲ့ နှင်းနန္ဒာဖြိုးတို့က ချစ်သက်တမ်း (၁) နှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” အမ်ထောင်ပြုပြီးရင်လည်း ချစ်ရတဲ့ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေ ဆက်လုပ်ဖို့ အစီအစဉ်တွေ ရှိပါတယ်ဗျာ အရင်လို အားပေးမပျက်ကြပါနဲ့နော် အားလုံးကို ချစ်ပါတယ်ဗျာ…” လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *