၁.၅.၂၀၂၄
Written By Thandar

အောင်သွယ်တော်လမင်းကြီး သီချင်းကြောင့် ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ တေးသံရှင် Anonimus ကတော့ ချစ်သူကောင်မလေးနဲ့ ရွှေလက်တွဲ လက်ထပ်မင်္ဂလာပွဲ ကျင်းပပြီဖြစ်ပါတယ်။

သူရဲ့နာမည်ရင်း မောင်သီဟထွန်းက ချစ်သူကောင်မလေး မထက်အဥ္ဇလီနဲ့ လက်ထပ်မင်္ဂလာပွဲကိုတော့ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

“တကယ်ဆိုရင်တော့ အိမ်ထောင်ပြုတာ အရမ်းစောလွန်းတယ် ညီရေ၊ နှစ်ယောက်လုံးကို ပြင်ပေးထားတာ ယဥ်ပြီးလှတယ်၊ သတိုးသမီးလေးကလည်း ချစ်စရာလေး၊ အိုး မင်္ဂလာဆောင်သွားပြီးလား မောင်လေးရယ်၊ ရုန်းထွက်ခဲ့ပါ မောင်လေးရယ်လို့ ပြောထားတာကို မိုက်လိုက်တဲ့ကောင်၊ ဝမ်းသာပါတယ် ဖြူးသားလေးက ရိုးသားပါတယ်၊ နာမည်ကြီးလာတော့ အမည်ဖျက်ခံရတယ်၊ ဟိုရက်ကပဲ ဖြူဖြူထွေးနဲ့ ကြိုက်နေတာပါလို့ သတင်းတွေလွှင့်နေသေးတယ်၊ ကျွန်တော်အတွေးက တစ်မျိုး ဖြူဖြူထွေးကိုက အပျိုကြီးဖြစ်မဲ့ကံ သူနဲ့ နာမည်ထွက်တဲ့သူတိုင်း အိမ်ထောင်ကျကျကုန်တာ သူ့ခမျာ ထင်ကြေးနဲ့တောင် ဖီးဖို့အချိန်မရလိုက်ဘူး၊ တကယ်ကြီး မင်္ဂလာဆောင်တာလား” စတာတွေ Post တင်ထားတဲ့အောက်မှာ ပရိသတ်တွေက ပြောဆိုနေကြပါတယ်။

တေးသံရှင် Anonimus ကတော့ ဖြူးမြို့သားဖြစ်သူ ချစ်သူကောင်မလေးကလည်း ဖြူးမြို့ မြို့မအရှေ့ ရပ်ကွက်(၄)လမ်းမြောက်ပိုင်းမှာ နေထိုင်သူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *