၂၈ .၄ .၂၀၂၄
Written by MMAK

◾စပါး Vs အာဆင်နယ်

စပါးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးနဲ့ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ဖလား ရရှိရေး အိပ်မက်တို့ အားပြိုင်မှုနဲ့အတူ ပြိုင်ဆိုင်မှုပြင်းထန်ဦးမဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲမှာ အဝေးကွင်း အာဆင်နယ်အသင်းက တစ်လုံးလေးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး​လေးဆယ်အရှုံးပေးထားပါတယ်။ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ဖလား ရရှိဖို့အတွက် အရေးကြီးပွဲစဉ်ဖြစ်ပေမဲ့ အာဆင်နယ်အသင်း ဂိုးပြတ်ကြီး နိုင်ပါ့မလား စဉ်းစားချင်စရာကောင်းပါတယ်။ အိမ်ရှင်စပါးအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် အရေးကြီးနေသလို လန်ဒန်ဒါဘီပြိုင်ဘက်အသင်းတစ်သင်းကို အိမ်ကွင်းမှာ လွယ်လွယ်ကူကူ အရှုံးပေးမဲ့အသင်းမဟုတ်ပါဘူး း။ အာဆင်နယ်အသင်းအနေနဲ့ အမှားခံလို့မရဘဲ ဒီပွဲသရေကျခဲ့ရင် ချန်ပီဖြစ်ရေးအိပ်မက် ဝေးဝါးသွားမှာဖြစ်တာကြောင့် အနိုင်ရလဒ်ကိုပဲ ဦးတည်ကစားရမှာဖြစ်သလို အိမ်ရှင်စပါးအသင်းကလည်း အနိုင်ရလဒ်ကိုပဲ ဦးတည်ကစားမှာ ဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ရှိနေပြီး အဆုံးသတ်ပိုသေချာတဲ့အသင်းက အနိုင်ရသွားမှာ ဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းက ခံစစ်အကောင်းဆုံးဖြစ်ပြီး နောက်ဆုံးနှစ်ပွဲဆက် ဂိုးမပေးထားရချိန်မှာ ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်ရှုံးဆိုတဲ့ ပေါက်ကြေးဟာ တိုက်စစ်ကောင်းတဲ့ အိမ်ရှင်စပါးအသင်း ဂိုးရသွားမယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းနိုင်ခဲ့ရင်တောင် ဂိုးမပြတ်ဘူး ထင်ပါတယ်။ ပြားလေးဆယ်ရင်းပြီး အိမ်ရှင်စပါးအသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ဘုန်းမောက် Vs ဘရိုက်တန်

ဘုန်းမောက်အသင်းက နောက်ဆုံးလေးပွဲမှာ တစ်ပွဲသာနိုင်ခဲ့ပြီး ဘရိုက်တန်အသင်းက နောက်ဆုံးငါးပွဲဆက် နိုင်ပွဲမရထားပါဘူး။ ဘရိုက်တန်အသင်းရဲ့ ရလဒ်တွေက ပိုဆိုးနေခဲ့ပြီး ခြေစွမ်းအနည်းငယ်ကျဆင်းနေတဲ့ပုံစံမျိုးတွေ့ရပါတယ်။ ဘုန်းမောက်အသင်းက ခြေစွမ်းပိုကောင်းနေတဲ့အချိန်ဖြစ်ပြီး တိုက်စစ်မှူးဆိုလန်ကီ သွင်းဂိုးအများဆုံး ဆုရဖို့အတွက် ဘုန်းမောက်အသင်း အိမ်ကွင်းမှာ အာရုံစိုက်ကစားမယ်ထင်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘုန်းမောက်အသင်းက ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်ရှုံးပေးထားပါတယ်။ ဒီပွဲမှာ ဂိုးပေါင်းကြေးပြင်းနေပေမဲ့ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ မရှိဘူးလို့ သုံးသပ်ထားပြီး အမှားစောင့်ကစားကြမယ် ထင်ပါတယ်။ ဘုန်းမောက်အသင်း ရှုံးခဲ့ရင် ဘရိုက်တန်အသင်းက သူ့ကိုကျော်တက်သွားမှာ ဖြစ်တဲ့အတွက် အိမ်ကွင်းမှာ ရှုံးနိမ့်သွားမယ်လို့မထင်ပါဘူး။ တိုက်စစ်ချင်းယှဉ်ကစားမယ်ဆိုရင်တောင် ဘုန်းမောက်အသင်းက ခြေစွမ်းပိုသာလို့ အိမ်ရှင်ဘုန်းမောက်အသင်း မရှုံးနိုင်ဘူးလို့ ယူဆတာကြောင့် ပြားငါးဆယ်ရင်းပြီး ဘုန်းမောက်အသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

◾နော်တင်ဟန်ဖောရက် Vs မန်စီးတီး

မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး အိပ်မက်ကို နော်တင်ဟန်ဖောရက်အသင်း တားဆီးနိုင်ဖို့ မလွယ်သေးပါဘူး။ ဒီနေ့ညမှာ အဓိကပြိုင်ဘက်အသင်းအာဆင်နယ်က စပါးအသင်းနဲ့ ပွဲကြပ်ကစားရမှာ ဖြစ်တာကြောင့် အာဆင်နယ်အသင်းသာ ခြေချော်ခဲ့ရင် ဒီပွဲအနိုင်ကန်ပြီး ဖလားရရှိဖို့ သေချာလုနီးပါး အခြေအနေတစ်ခု ပိုင်ဆိုင်သွားမှာပါ။ အာဆင်နယ်အသင်းက ဂိုးကွာခြားချက်မှာ အသာရထားတာကြောင့် မန်စီးတီးအသင်းအနေနဲ့ ဂိုးတွေရသလောက်သွင်းပြီး နိုင်ပွဲရထားဖို့ လိုအပ်ပါတယ်။ ဒီပွဲမှာ အဝေးကွင်းမန်စီးတီးအသင်းက နှစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ပေါက်ကြေးဟာ ခေါ်ကြေးအနေအထားတစ်ခုလို့ထင်စရာရှိပေမဲ့ အာဆင်နယ်အသင်း သရေကျခဲ့ရင် မန်စီးတီး ကြေးအောင်သွားမယ်ထင်ပါတယ်။ ဘွတ်ကီတွေအနေနဲ့ မန်စီးတီးရဲ့ ဘော်ဒီကြေးကို ဒီလိုဖွင့်ပေးမှသာ မန်စီးတီးထိုးသားတွေ တွန့်ဆုတ်နေမှာ ဖြစ်ပါတယ်။ အိမ်ရှင်နော်တင်ဟန်ဖောရက်အသင်း အမှတ်လိုတယ်ဆိုပေမဲ့ တန်းဆင်းဇုန်ပြိုင်ဘက် လူတန်ရှုံးနိမ့်ခဲ့သလို ဘန်လေအသင်းလည်း သရေသာရခဲ့တာကြောင့် သူလည်း ရှုံးနိမ့်လို့ရတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဘွတ်ကီတွေ မာယာသုံးထားတဲ့ ပေါက်ကြေးကြောင့် မန်စီးတီးအသင်းကိုပဲ ရွေးရမှာပါ။

◾မိန့်စ် Vs ကိုလုံး

မိန့်စ်အသင်းရဲ့ တန်းဆင်းဇုန်ရုန်းအားကို အသိအမှတ်ပြုရမှာဖြစ်ပြီး နောက်ဆုံးငါးပွဲမှာ သုံးပွဲနိုင် နှစ်ပွဲသရေ ရယူထားနိုင်ခဲ့ပါတယ်။ အဝေးကွင်း ကိုလုံးအသင်းရဲ့ နောက်ဆုံးရုန်းပွဲလို့ပြောလို့ရပြီး ဒီပွဲရှုံးခဲ့ရင် ကိုလုံးအသင်း​ သေချာပေါက်တန်းဆင်းရမှာဖြစ်ပြီး သရေရလဒ်တောင် အခြေအနေသိပ်မကောင်းဘဲ နိုင်ပွဲရအောင်ထိ ဖွင့်ကစားရပါလိမ့်မယ်။ ကိုလုံးအသင်းက ဒီရာသီမှာ တိုက်စစ်အားအနည်းဆုံး အသင်းဖြစ်ပြီး ပြီးခဲ့တဲ့အပတ်မှာ အောက်ဆုံးက ဒမ်းစတက်လိုအသင်းကိုတောင် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် သိပ်ယုံစားလို့ရတဲ့ အသင်းမျိုးမဟုတ်ပါဘူး။ ဒီပွဲမှာ အိမ်ရှင်မိန့်စ်အသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေးသုံးလုံးလေးဆယ်စားဖြစ်ပါတယ်။ ဘွတ်ကီတွေ ခြေစွမ်းကောင်းလာတဲ့ မိန့်စ်အသင်းကို ကြေးကြောခပ်ပြင်းပြင်းပေးလာကြသလို မိန့်စ်အသင်းကလည်း ပေါက်ကြေးအတိုင်း အနိုင်ကန်နိုင်တာ တွေ့ရပါတယ်။ ဘွန်ဒက်လီဂါတန်းဆင်းဇုန်တိုက်ပွဲအတွက် မိန့်စ်အသင်းကို ဆွဲခေါ်သွားပြီး ခြေစွမ်းညံ့လွန်းတဲ့ကိုလုံးအသင်းကို ထားခဲ့ချင်တာကြောင့် အိမ်ရှင်မိန့်စ်အသင်း နိုင်သွားဦးမယ် ထင်ပါတယ်။ ကိုလုံးအသင်းတိုက်စစ် ဖွင့်ကစားလာရင် ဂိုးပေးရဖို့က ပိုများသလို အိမ်ရှင်မိန့်စ်အသင်း အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားနိုင်တာကြောင့် မိန့်စ်အသင်းဘော်ဒီကို ရွေးချယ်ထားချင်ပါတယ်။

◾နာပိုလီ Vs ရိုးမား

နာပိုလီအသင်းဥရောပဝင်ခွင့် တစ်နေရာကို ကြိုးစားခွင့်ရှိနေသေးတာ မှန်ပေမဲ့ ခံစစ်က ပွဲတိုင်းဂိုးပေးထားရပြီး ခြေစွမ်းက သာမာန်လောက်သာ ရှိတာကြောင့် နောက်ရာသီဥရောပဝင်ခွင့်ရသွားမယ် မထင်ပါဘူး။ အသင်းငယ်လေးတွေကိုတောင် အသာစီးရအောင်မကစားနိုင်တဲ့ ခြေစွမ်းမျိုးကြောင့် ပုံစံကောင်းပြနေတဲ့ ဒီရော့ဆီရဲ့ ရိုးမားအသင်းကို အနိုင်ယူနိုင်ဖို့်ဆိုတာ သိပ်မလွယ်ပါဘူး။ ဒီပွဲမှာ အိမ်ရှင်နာပိုလီအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအပြည့်ရှုံးဖြစ်ပါတယ်။ ဒီရော့ဆီကိုင်တွယ်လိုက်ချိန်ကစပြီး လုံးဝပြောင်းလဲသွားတဲ့ ရိုးမားအသင်းကတော့ နိုင်ပွဲတွေဆက်လာခဲ့ပြီး တိုက်စစ်ကလည်း ဂိုးပိုသွင်းလာနိုင်တာကိုတွေ့ရပါတယ်။ ခံစစ်ညံ့တဲ့ နာပိုလီအသင်းကြောင့် ဒီပွဲမှာ အဝေးကွင်းရိုးမားအသင်းဂိုးရမယ်လို့ ယူဆထားပါတယ်။ ရိုးမားအသင်းဂိုးရမယ်ဆိုရင် နာပိုလီဘော်ဒီကြေးအောင်ဖို့ ခက်သွားမှာဖြစ်ပြီး ရိုးမားအသင်းအနိမ့်ဆုံး သရေလောက်ထိကန်နိုင်မယ်ထင်တာကြောင့် ရိုးမားအသင်းဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

◾ဘိုလော့ဂ်နာ Vs အူဒီးနီးစ်

ဒီရာသီစီးရီးအေမှာ သီယာဂိုမော့တာရဲ့ ဘိုလော့ဂ်နာအသင်း ခြေစွမ်းကောင်းပြသနေပြီး နောက်ရာသီချန်ပီယံလိဂ်ကန်ရဖို့အတွက် အခြေအနေကောင်းနေသလို ရိုးမားအသင်းရဲ့ အိမ်ကွင်းမှာတောင် အနိုင်ရခဲ့ပြီး သူတို့လုပ်ပြနိုင်တယ်ဆိုတာကို သက်သေပြထားနိုင်ပါတယ်။ ဘိုလော့ဂ်နာအသင်း နိုင်ပွဲတွေဆက်နေတာကြောင့် ကြေးပြန်ကျသွားမလား စိုးရိမ်စရာရှိပေမဲ့ ဘိုလော့ဂ်နာအသင်းကို ဘွတ်ကီတွေ ထိန်းလို့မရပါဘူး။ ချန်ပီယံလိဂ်ဝင်ဖို့ အကောင်းဆုံးခြေစွမ်းပြနေတဲ့အသင်းဖြစ်သလို အိမ်ကွင်းလည်း ဖြစ်တာကြောင့် တစ်ဂိုးတော့လွှတ်ပေးရမယ် ထင်ပါတယ်။ နောက်ပွဲတွေမှာ ပွဲကြပ်တာကြောင့် အခုအိမ်ကွင်းပွဲမှာ သုံးမှတ်ယူထားဖို့ လိုအပ်သလို အနီးကပ်ပြိုင်ဘက်ရိုးမားအသင်းလည်း ပွဲကြပ်နေတာကြောင့် ဘိုလော့ဂ်နာ နိုင်ဦးမယ်ထင်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘိုလော့ဂ်နာအသင်းက တစ်လုံးနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးငါးဆယ်ရှုံးဖြစ်ပါတယ်။ ပထမအကျော့ ဂိုးပြတ်ရှုံးပွဲကို လက်စားပြန်ချေမဲ့ ဘိုလော့ဂ်နာအသင်း အိမ်ကွင်းမှာ အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ အနိုင်ရသွားပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *