၂၇ .၄ .၂၀၂၄
Written by MMAK

◾ဝက်ဟမ်း Vs လီဗာပူးလ်

ပရီးမီးယားလိဂ် ဘောလုံးရာသီပြီးဆုံးဖို့အတွက် လေးပွဲသာကျန်ရှိတော့တာ ဖြစ်သလို ဒီရာသီမှာ လီဗာပူးအသင်း ဖလားလမ်းကြောင်းပေါ်ကနေ နုတ်ထွက်လိုက်ရပြီလို့ ပြောလို့ရပါတယ်။ ကရာဘောင်ဖလားတစ်လုံးနဲ့ပဲ ဂန္တဝင်နည်းပြကြီး ကလော့ကို နုတ်ဆက်ချိန်တန်ပြီဖြစ်သလို နောက်ရာသီအတွက် ဖိယင်နု နည်းပြ အာနီစလော့ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ချန်ပီယံဖြစ်ချင်တယ်ဆို ဖြစ်နိုင်ခြေမရှိသလောက်နည်းတဲ့ အာဆင်နယ်နဲ့ မန်စီးတီး ခြေချော်တာကို စောင့်ရတော့မှာ ဖြစ်ပေမဲ့ လီဗာပူးအနေနဲ့ လက်ကျန်လေးပွဲလုံးကို အနိုင်ကန်ထားဖို့ လိုပါတယ်။ အိမ်ရှင်ဝက်စ်ဟမ်းအသင်းကလည်း နောက်ရာသီဥရောပဝင်ခွင့် တစ်နေရာကို မျှော်လင့်လို့ရတဲ့ အခြေအနေမှာ ရှိနေသေးတာကြောင့် အခုအိမ်ကွင်းပွဲစဉ်မှာ အနိုင်ရလဒ်အတွက်သာ ဦးတည်ကစားလာမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်ရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးအပြည့်ရှုံးဖြစ်ပါတယ်။ နှစ်သင်းလုံးဂိုးရမဲ့ ဂိုးပေါင်းကြေးဖြစ်သလို အိမ်ရှင်ဝက်စ်ဟမ်းက သေချာပေါက်ဂိုးရမယ်လို့ ယူဆထားပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်ဝက်စ်ဟမ်းအသင်းနဲ့ဂိုးပေါ် ရွေးချယ်တာဟာ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။

◾ဖူဟမ် Vs ခရစ္စတယ်ပဲလေ့စ်

နောက်ဆုံးသုံးပွဲဆက် အနိုင်ရခဲ့ပြီး တိုက်စစ်က ရှစ်ဂိုးထိသွင်းနိုင်ခဲ့သလို လီဗာပူးအသင်းရဲ့ အန်ဖီးကွင်းမှာတောင် အနိုင်ရခဲ့တဲ့ ပဲလေ့စ်အသင်း ကံကောင်းနေတာမဟုတ်သလို ခြေရူးဖြစ်နေတာလည်း မဟုတ်ပါဘူး။ နည်းပြသစ် အိုလီဗာဂန်ဆာရဲ့ ကစားပုံ ကစားကွက် အံ့ဝင်လာတာတွေ့ရသလို ကစားပုံက ညက်ညောပြီး တော်တော်လေး ကောင်းမွန်တဲ့ ခြေစွမ်းကောင်းမျိုးပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာလည်း အလယ်အလတ်အသင်းနှစ်သင်းရဲ့ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကစားလေ့ရှိပါတယ်။ အိမ်ရှင်ဖူဟမ်အသင်းက ခြေစွမ်းသိပ်မမှန်ဘဲ ခြေစွမ်းကောင်းချင်ရင် စွတ်ကောင်းပြီး မကောင်းဘူးဆိုရင် တော်တော်ညံ့ပါတယ်။ နှစ်သင်းလုံးအမှတ်မလိုကြသလို ဒါဘီပွဲစဉ်ဖြစ်တာကြောင့် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြမဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အိမ်ရှင်အသင်းက ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စားပေါက်ကြေးမှာ နှစ်သင်းလုံးဂိုးရနိုင်ပြီး တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမဲ့ ပွဲစဉ်ဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီသေချာနေသလို အရှုံးအနိုင်ပေါ်အောင် ကစားကြမဲ့ ပွဲစဉ်မျိုးလို့ယူဆထားတာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရပါလိမ့်မယ်။ ဂိုးပေါ်တစ်ကြောင်းတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

◾မန်ယူ Vs ဘန်လေ

မန်ယူအသင်းရဲ့ ခံစစ်က ပလိုင်းပေါက်နဲ့ ဖားကောက်နေရသလို ဖြစ်နေပြီး တိုက်စစ်က သွင်းဂိုးတွေရနေလို့သာ ရှုံးပွဲမတွေ့နေတာဖြစ်ပါတယ်။ နောက်ဆုံးငါးပွဲဆက်ဂိုးပေါ်ကစားထားပြီး နောက်ဆုံးနှစ်ပွဲမှာ ချန်ပီယံရှစ်အသင်း ကိုဗင်ထရီနဲ့ ဇယားအောက်ဆုံးက ရှက်ဖီးအသင်းတို့ကို ငါးဂိုးထိပေးခဲ့ရတဲ့ ခံစစ်အနေနဲ့ ဘန်လေအသင်းကို ဂိုးပေးရဦးမယ်ထင်ပါတယ်။ ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စားဖြစ်ပေမဲ့ ဘော်ဒီကြေးတစ်လုံး တစ်ဆယ်ရှုံးဆိုတဲ့ ပေါက်ကြေးက အမှတ်လိုတဲ့ ဘန်လေအသင်းဂိုးရမယ်လို့ ယူဆလို့ရပြီး မန်ယူအသင်းနိုင်ခဲ့ရင်တောင် ဂိုးမပြတ်ဘူးလို့ ထင်ပါတယ်။ အိမ်ရှင်မန်ယူအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်ရှုံးလောက်ထိ ပေးသင့်တာဖြစ်ပေမဲ့ ဘော်ဒီပေါက်ကြေးက မရဲတရဲပေးထားသလို ဖြစ်နေပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ဘန်လေအသင်းရဲ့ ကစားပုံပိုကောင်းလာသလို တိုက်စစ်ကလည်း ဂိုးသွင်းနိုင်တာတွေ့ရတာကြောင့် ဘန်လေအသင်းဂိုးရမယ်လို့ထင်ပါတယ်။ ဘန်လေအသင်းဂိုးရမယ်ဆိုရင် မန်ယူအသင်းသုံးလုံးသွင်းမှ ကြေးအောင်မှာ ဖြစ်သလို ဖာနန်ဒက်ခြေစွမ်းမပြနိုင်ရင် မန်ယူအသင်းရလဒ်ကောင်းဖို့ ခက်ခဲပါတယ်။ ဘန်လေအသင်းက အနိုင်သုံးမှတ်ထိ လိုအပ်နေတဲ့အသင်းဖြစ်ပြီး မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ သရေတစ်မှတ်ရခဲ့ရင်လည်း မဆိုးဘူးလို့ပြောလို့ရတာကြောင့် ဘန်လေအသင်းကို ရွေးချယ်ပေးချင်ပါတယ်။ ဒီပေါက်ကြေးအရ မန်ယူအသင်းနိုင်ခဲ့ရင်တောင် ကပ်နိုင်သွားတာမျိုးပဲ ဖြစ်နိုင်တာကြောင့် ဘန်လေအသင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။

◾နယူးကာဆယ် Vs ရှက်ဖီး

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်များထဲမှာ ဘော်ဒီကြေးအပြင်းဆုံး ပွဲစဉ်ဖြစ်ပြီး အိမ်ရှင်နယူးကာဆယ်အသင်းက နှစ်လုံးသရေပေးထားပါတယ်။ ရှက်ဖီးအသင်းက တန်းဆင်းရဖို့ သေချာနေတာဖြစ်သလို ပထမအကျော့ရှက်ဖီးကွင်းမှာ ရှစ်ဂိုးပြတ်အနိုင်ရခဲ့တဲ့ နယူးကာဆယ်အသင်း အိမ်ကွင်းမှာလည်း ဂိုးမိုးရွာဦးမှာလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်း ဥရောပဝင်ခွင့်တစ်နေရာအတွက် ကြိုးစားခွင့်ရှိနေသးတာဖြစ်သလို အိမ်ကွင်းတိုက်စစ်ကောင်းတယ်ဆိုတဲ့အချက်ကြောင့် ဘော်ဒီကြေးပြင်းပြင်းပေးထားပုံရပါတယ်။ ဒဏ်ရာရကစားသမားများနေတာတောင် ဒီကြေးပေးထားပုံအရ အိမ်ရှင်နယူးကာဆယ်အသင်း အနိမ့်ဆုံး နှစ်ဂိုးနဲ့ နိုင်မယ်လို့ ယူဆလို့ရပါတယ်။ နယူးကာဆယ်အသင်းအဝေးကွင်းညံ့ပေမဲ့ အိမ်ကွင်းကောင်းတဲ့အသင်းဖြစ်ပြီး နောက်ဆုံးအိမ်ကွင်းပွဲစဉ်လေးပွဲမှာ သုံးပွဲနိုင်တစ်ပွဲသရေကျပြီး တိုက်စစ်က ၁၂ ဂိုးထိ သွင်းထားနိုင်ပါတယ်။ နယူးကာဆယ်အသင်း တကယ်ကန့်မဲ့ကြေးလို့ ယူဆထားသလို အနိမ့်ဆုံးနှစ်ဂိုးပြတ်ကနေ စကြည့်ရမဲ့ ပွဲစဉ်ဖြစ်တာကြောင့် နယူးကာဆယ်ဘော်ဒီ ရွေးချယ်ပေးချင်ပါတယ်။

◾ဝုဗ် Vs လူတန်

အိမ်ရှင်ဝုဗ်အသင်းအမှတ်မလိုတာ မှန်ပေမဲ့ ကြေးပြန်အောင်ချိန် တန်နေပြီဖြစ်သလို အိမ်ကွင်းလေးပွဲဆက်ရှုံးထားတာကြောင့် အိမ်ကွင်းနိုင်ပွဲပြန်ယူရတော့အချိန်ဖြစ်ပါတယ်။ အဝေးကွင်း လူတန်အသင်းက အမှတ်လိုတာ ဖြစ်သလို သရေကျရင် အနိုင်ရမယ်ဆိုတဲ့အခြေအနေကြောင့် အဝေးကွင်းလူတန်အသင်းကို ထိုးသားအများစု ကြိုက်နေမှာပါ။ ရှုံးပွဲတွေဆက်နေတဲ့ ဝုဗ်အသင်း ခြေစွမ်းညံ့လွန်းလို့မဟုတ်ဘဲ အာဆင်နယ်နဲ့ အိမ်ကွင်းပွဲမှာ ကစားပုံကောင်းခဲ့သလို ဘုန်းမောက်နဲ့ပွဲမှာလည်း ခြေစွမ်းမညံ့ခဲ့ပါဘူး။ ဒီပွဲပြီးရင် မန်စီးအသင်းရဲ့ အိမ်ကွင်းမှာ သွားကန်ရမှာဖြစ်တာကြောင့် အရှုံးနဲ့အိမ်ပြန်ရဖို့များပြီး ဒီပွဲက ပြန်လာဖို့အကောင်းဆုံးနဲ့ နိုင်ပွဲရဖို့ အကောင်းအိမ်ကွင်းပွဲစဉ်ဖြစ်နေပါတယ်။ လူတန်အသင်းအိမ်ကွင်းကောင်းပေမဲ့ အဝေးကွင်း တော်တော်ညံ့တဲ့အသင်းဖြစ်ပြီး ခံစစ်က နောက်ဆုံးနှစ်ပွဲမှာ ဆယ်ဂိုးထိတောင်ပေးထားရပါတယ်။ တန်းဆင်းဇုန်ပြိုင်ဘက်တွေဖြစ်တဲ့ ဘန်လေအသင်းနဲ့ နော်တင်ဟန်ဖောရက်အသင်းတို့ ပွဲကြပ်တွေကစားရမှာ ဖြစ်တာကြောင့် လူတန်အသင်း ရှုံးလို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဂိုးပေါင်းကြေး ပေါက်ကြေးအရလည်း အိမ်ရှင်ဝုဗ်အသင်း အမှန်အကန်နိုင်ပွဲပြန်ရှာမဲ့ ပေါက်ကြေးဖြစ်လို့ တစ်လုံးကိုးဆယ်စားပေးထားတဲ့ အိမ်ရှင်ဝုဗ်အသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

◾အဲဗာတန် Vs ဘရန့်ဖို့

အဲဗာတန်အသင်း နောက်ဆုံးနှစ်ပွဲဆက်အနိုင်ရခဲ့ပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ခဲ့သလို ခံစစ်ကလည်း နှစ်ပွဲလုံး ပေးဂိုးမရှိခဲ့ပါဘူး။ ဘရန့်ဖို့အသင်းကလည်း အမှတ်မလိုတဲ့ အသင်းဖြစ်ပြီး နောက်ဆုံးသုံးပွဲမှာ တိုက်စစ်က ဆယ်ဂိုးအထိသွင်းထားနိုင်ပါတယ်။ ဒီအခြေအနေမှာ ဂိုးပေါင်းကြေးက သုံးလုံးရှစ်ဆယ်စားဆိုတာ မဖြစ်သင့်တဲ့ပေါက်ကြေးဖြစ်ပြီး ဂိုးပေါင်းအောင်မယ်ဆိုရင် သုံးလုံးလေးဆယ်စားလောက်ထိ ပေးလို့ရတဲ့ အနေအထားဖြစ်ပါတယ်။ အမှတ်မလိုတဲ့နှစ်သင်း တိုက်စစ်ဖွင့်မကစားဘဲ ထိန်းဆော့ကြမဲ့ အနေအထားကြောင့် ဂိုးပေါင်းကြေး ပျော့နေရခြင်းဖြစ်ပါတယ်။ အဲဗာတန်အသင်းရဲ့ အိမ်ကွင်းနောက်ဆုံးသုံးပွဲမှာ တစ်ဂိုးမှပေးမထားရတဲ့အချက်ကြောင့် ဂိုးပေါင်းကြေး ပျော့နေတာဖြစ်ပြီး ဘရန့်ဖို့အသင်းဂိုးရဖို့ ခက်မယ် ထင်ပါတယ်။ နှစ်သင်းလုံးထိန်းကစားကြမဲ့ပွဲမှာ သွင်းဂိုးတွေ အများကြီးမြင်ရဖို့မရှိပါဘူး။ အလွန်ဆုံးနှစ်ဂိုးလောက်သာ မြင်ရနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ အက်စတွန်ဗီလာ Vs ချဲလ်ဆီး

ချဲလ်ဆီးအသင်း ဥရောပဝင်ခွင့်တစ်နေရာရဖို့်အတွက် ဗီလာကွင်းမှာ တစ်ခုခုလုပ်ပြနိုင်မယ်လို့ ထင်နေရင် မှားပါလိမ့်မယ်။ ချဲလ်ဆီးအသင်းမှာ ပုံစံကောင်းပြနေတာ ကိုးလ်ပယ်လ်မာနဲ့ အန်ဇိုဖာနန်ဒက်ပဲ ရှိတဲ့အချိန်မှာ အန်ဇိုဖာနန်ဒက် မပါနိုင်ပါဘူး။ ချဲလ်ဆီးတိုက်စစ်မှူးဂျက်ဆင်က ဂိုးမသွင်းတတ်၊ နောက်တန်းက ခပ်ကြောင်ကြောင် ကိုင်စီဒိုနဲ့ ဂါလက်ချာတို့ကစားမဲ့ ချဲလ်ဆီးကွင်းလယ်က ဗီလာအသင်းရဲ့ မက်ဂင်း ၊ တိုင်လီးမန်း ၊ ဘိုင်လေနဲ့ ရော်ဂျော်တို့ရဲ့ ကွင်းလယ်ကို မယှဉ်နိုင်ပါဘူး။ နယူးကာဆယ်နဲ့ မန်ယူအသင်းတို့ကြောင့် ဥရောပဝင်ခွင့်တစ်နေရာရဖို့ မသေချာသလို ဒီပွဲရှုံးခဲ့ရင် သေချာပေါက် ဥရောပဝင်ခွင့်မရတော့ပါဘူး။ လက်ရှိချဲလ်ဆီးအသင်းရဲ့ ပုံစံနဲ့ ဗီလာကွင်းမှာ တစ်ခုခုလုပ်ပြနိုင်မယ်မထင်သလို ပယ်လ်မာနဲ့ ဗီလာတစ်သင်းလုံး ကန်ရမဲ့ပွဲမျိုးမှာ အိမ်ရှင်ဗီလာကိုပဲ ရွေးချယ်ရဦးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်း ဒီပွဲရှုံးခဲ့ရင် ဥရောပဝင်ခွင့်လက်လွတ်ရမှာ ဖြစ်တဲ့အတွက် တင်ကစားလာဖို့ရှိတာကြောင့် အိမ်ရှင်ဗီလာအသင်းရဲ့ ပြားခြောက်ဆယ် ပေါက်ကြေးဟာ ပျော့မနေပါဘူး။ အဖက်ဖက်က အသာရနေတဲ့ အိမ်ရှင် ဗီလာအသင်း နိုင်သွားပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *