၂၇ . ၄. ၂၀၂၄
Written by Nay Moe

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် (ဂ) ရပ်ကွက်မှာ ခရီးသည်တင်ကားတွေစစ်ဆေးနေတဲ့ ဒုရဲအုပ် ၁ ဦးကို PDF ၃ ဖွဲ့ပေါင်းပြီး ပစ်သတ်လိုက်တယ်လို့ ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်တဲ့ PDF အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dawei Guerrilla Revolutionary Force – DGRF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီချောင်းမြောင်းသတ်ဖြတ်မှုကို ဧပြီလ ၂၆ ရက် ညနေ ၄ နာရီ ၂၂ မိနစ်ခန့်က ကျုးလွန်ခဲ့တာဖြစ်ပြီး ရေဖြူမြို့နယ် (ဂ)ရပ်ကွက် နေရာသစ်ထမင်းဆိုင်အနီး ခရီးသည်တင်ကားတွေကို စစ်ဆေးနေတဲ့ ဒုရဲအုပ်တစ်ဦး “အတင်း အဓမ္မ ဆက်ကြေးကောက်ခံ”နေတယ်ဆိုပြီး PDF သုံးဖွဲ့က ပစ်သတ်လိုက်တာပါ။

ရုပ်သံမှာလည်း ကားတစ်စီးနဲ့ရောက်လာတဲ့ PDF ငါးဦးထက်မနည်းက သေနတ်နဲ့အချက်ပေါင်းများစွာ လိုက်လံပစ်ခတ်ပြီး ချက်ခြင်းမောင်းနှင်ထွက်ပြေးသွားတာ မြင်ရသလို ဒီပစ်ခတ်မှုမှာ ဒုရဲအုပ်တစ်ဦးပွဲချင်းပြီးဆုံးပါးခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရတယ်ပြောပါတယ်။

ဒီသတ်ဖြတ်မှုကို Dawei Guerrilla Revolutionary Force-DGRF ၊ ထားဝယ်မြို့နယ်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထားဝယ်-ပကဖ ၊ DGRF-ဥဩစစ်ကြောင်း- DDPDF တပ်ဖွဲ့တို့ ပူးပေါင်း ကျုးလွန်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *