◼️ယူကရိန်းသို့ တစ်ဘီလျံဖိုးလက်နက်အထောက်အပံ့များကို လက်မှတ်ထိုးပြီးနာရီပိုင်းအတွင်း ပေးပို့မည်ဟုပါပြော

၂၅.၄.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ကွန်ဂရက်က အတည်ပြုခဲ့ပြီဖြစ်သော အမေရိကန်အစိုးရ၏ ပြည်ပသို့ ဒေါ်လာ ၉၅ ဒသမ ၃ ဘီလျံအထောက်အပံ့ပေးရေးအစီအစဉ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဧပြီလ ၂၄ ရက်တွင် ဥပဒေအဖြစ် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့မှုနှင့်အတူ  ယူကရိန်းနှင့် အစ္စရေးတိုအား အထောက်အပံ့ပေးရေး ဤအစီအစဉ်က ကမ္ဘာ့ကြီး ပိုမိုငြိမ်းချမ်းရေးနှင့်ပို၍လုံခြုံမှုရှိစေရေးတို့အတွက်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

ထို့ပြင် ဂျိုးဘိုင်ဒန်က ၎င်းလက်မှတ်ထိုးပြီးသည်နှင့် ယူကရိန်းသို့ လက်နက်များပို့ပေးရေးအတွက် နာရီပိုင်းအတွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဤထောက်ပံ့ရေးအစီအစဉ်က အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ပိုမိုခိုင်မာတောင့်တင်းစေပြီး ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံ၏ဦးဆောင်မှုကို ဆက်လက်ရှိနေစေမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းသို့ ဒေါ်လာတစ်ဘီလျံဖိုးအထောက်အပံ့များကို အလျင်အမြန်ပေးပို့သွားမည်ဖြစ်ရာ ပခုံးထမ်းမှစတင်ကာ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များ၊ အခြားသော လေကြောင်းရန်ကာကွယ်ရေးလက်နက်များ၊ ၁၅၅ မမ အမြောက်ဆံများ၊ ဂျာဗီလင်တင့်ဖျက်ပဲ့ထိန်းဒုံး ကျည်များနှင့်ဗုံးတွဲများပါဝင်မည်ဟု သိရသည်။

Ref- New York Times

Leave a Reply

Your email address will not be published. Required fields are marked *