MT News
၂၃. ၄. ၂၀၂၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသွားမည့် Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ပွဲစဥ်ဇယားများကို ထုတ်ပြန်လိုက်သည်။

မေလ ၇ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ကျင်းပသွားမည့် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

2023 Myanmar Women League ၏ လက်ရှိချန်ပီယံမှာ မြဝတီအမျိုးသမီးဘောလုံးအသင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် အမျိုးသမီးလိဂ်ပြိုင်ပွဲကို ကစားသမားများ ပြိုင်ပွဲအရေအတွက် ပိုမိုယှဉ်ပြိုင်ကစားခွင့်ရရှိစေရန် ရည်ရွယ်လျက် 3 Round Robin စနစ်ဖြင့် ပဒုမ္မာကွင်း၊ စလင်းကွင်းနှင့် YUSC ကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ကာ ပွဲဦးထွက်တွင် မြဝတီ-ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီ- သစ္စာအားမာန်၊ ရှမ်းယူနိုက်တက်-ISPE အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *