MT News
၁၉. ၄. ၂၀၂၄

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင် ကစားနေတဲ့ AFC Futsal Asian Cup 2024 (Group A) မှာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် ထိုင်းအသင်းနဲ့ ဒီနေ့ ဧပြီ ၁၉ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ အချိန် ယှဥ်ပြိုင်ကစားရာမှာ ထိုင်းလက်ရွေးစင်ဖူဆယ်အသင်းကို ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားပါတယ်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းဟာ အိမ်ရှင်ထိုင်းအသင်းကို ပထမပိုင်းမှာ ယှဥ်ပြိုင်ကစားနိုင်ခဲ့ပြီး တိုက်စစ်လိုအပ်ချက်ကြောင့်သာ တစ်ဂိုး ဂိုးမရှိနဲ့သာ ရှုံးခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ထုံးစံအတိုင်းကျသွားခဲ့ပြီး ၄ ဂိုးထပ်ပေးလိုက်ရတာကြောင့် ဂိုးပြတ်ရှုံးသွားတာပါ။

​မြန်မာအသင်းဟာ AFC Futsal Asian Cup မှာ အုပ်စု (က) ထဲ အိမ်ရှင်ထိုင်း၊ တရုတ်၊ ဗီယက်နမ်တို့နဲ့ ယှဥ်ပြိုင်နေရတာဖြစ်ပြီး နှစ်ပွဲစီယှဥ်ပြိုင်အပြီးမှာတော့ ထိုင်းက ၆ မှတ်နဲ့ အုပ်စုတက်သွားပြီး ဗီယက်နမ်က ၄ မှတ်နဲ့အုပ်စုဒုတိယဖြစ်ကာ မြန်မာကတော့ ၁ မှတ်နဲ့ အုပ်စုတတိယဖြစ်ပြီး တရုတ်ကို နိုင်ရင်တောင်မှ ရဂိုးက ၁ ဂိုးပဲရှိပြီး ပေးဂိုး ၆ ဂိုးဖြစ်နေလို့ တရုတ်ကို ဂိုးပြတ်နိုင်ဖို့လိုသလို ထိုင်းကလည်း ဗီယက်နမ်ကို ဂိုးပြတ်သွင်းမှ အုပ်စုဒုတိယနဲ့တက်နိုင်လို့ အုပ်စုတက်ဖို့မျှော်လင့်ချက်က မရှိသလောက်နည်းသွားပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *