၁၉. ၄. ၂၀၂၄
Written By Thandar

အချစ်ဒရာမာ ရသစုံပါဝင်မယ့် “ဆောင်တော်ကူး ”ဇာတ်လမ်းတွဲမှာ စန္ဒာဆိုတဲ့ ဇာတ်ကောင်နေရာက ရွှေသမီးနဲ့ အပြိုင်သရုပ်ဆောင်ရသလို တကယ့် Actor တွေနဲ့အတူ သရုပ်ဆောင်ရတာမို့ တော်တော်လေး Challenge ရှိပါတယ်လို့ သရုပ်ဆောင် စင်ဒီမြတ်က MT Entertainment ကို ပြောပါတယ်။

“စင်ဒီနဲ့ လိုက်တဲ့ဇာတ်အိမ်လည်းဖြစ်လို့ မဟာက ကမ်းလှမ်းလာတော့ ကိုယ်တိုင်လည်း စိတ်ဝင်စားလို့ လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။ စန္ဒာဆိုတဲ့ ကာရိုက်တာလေးက ဒီဇာတ်ကားမှာ ကိုယ့်ဘဝမှာ ပိုက်ဆံက အရေးကြီးဆုံးပဲပေါ့။ ပိုက်ဆံနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်ဖြစ်သူလေးပါ။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လေးလည်းဖြစ်ပါတယ်။ စင်ဒီ အတွက် စန္ဒာဆိုတဲ့ ဇာတ်ကောင်နေရာက ရွှေသမီးနဲ့ အပြိုင် သရုပ်ဆောင်ရသလို တကယ့် Actor တွေနဲ့အတူ သရုပ်ဆောင်ရတာမို့ တော်တော်လေး Challenge ရှိပါတယ်”လို့ သရုပ်ဆောင်စင်ဒီမြတ်က MT Entertainment ကို ပြောပါတယ်။

အဆိုပါဇာတ်ကားကို ဇာတ်လမ်း ကျူးလစ်ဖေ ၊ ဇာတ်ညွှန်း အေးသီရိကို ရေးသားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပရိသတ်စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ ရသစုံပါဝင်အောင် ပုံဖော်ရိုက် ကူးထားတာလည်းဖြစ်ပါတယ်။သရုပ်ဆောင်အနေနဲ့ ကောင်းပြည့် ၊ တိုင်ရွန် ၊ မင်းတော်ဝင် ၊ ချာလီ ၊ ရွှေသမီး ၊ စင်ဒီမြတ် ၊ လီလီကျော်ခိုင် ၊ ယမုံ စတဲ့သူတွေ ပါဝင်ထားကြပါတယ်။

“ဒီဇာတ်ကားမှာ စင်ဒီအနေနဲ့ အကောင်းဆုံးကြိုးစားထားပါတယ်။ အားလည်းရပါတယ်။ အရင်ကထက်စာရင် ခက်ခက်ခဲခဲရိုက်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေလည်း ရှိခဲ့ပါတယ်။ မရွှေသမီးဆိုလည်း အရမ်းချစ်ဖို့ကောင်းတယ်။ အရမ်းသဘောကောင်းတယ်။ ဆောင်တော်ကူးဆိုတဲ့ နာမည်လေးအတိုင်းမှာ ဇာတ်လမ်းလေးက ပရိသတ်ကို ရသစုံပေးထားပါတယ်။ ဒီကားလေးထွက်လာရင် အားပေးပါဦးနော်။ လိုအပ်ချက်တွေရှိရင် ဝေဖန်ထောက်ပြပေးပါလို့ပြောချင်ပါတယ်”လို့ သူမကဆက်လက်ပြောပါတယ်။

အချစ်ဒရာမာ ရသစုံပါဝင်မယ့် “ဆောင်တော်ကူး” ဇာတ်လမ်းတွဲကို မကြာခင် Mahar Application ကနေ ထုတ်လွှင့် ပြသမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *