၁၉. ၄. ၂၀၂၄
Written by Pan Ei

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချီမြို့မှာ ဂျပန်နိုင်ငံသားငါးဦးကို တင်ဆောင်လာတဲ့ ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့တဲ့ အသေခံဗုံးခွဲသမားတစ်ဦးနဲ့ စစ်သွေးကြွတစ်ဦးကို ရဲတပ်ဖွဲ့က ဒီနေ့မှာ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အစိုးရကို ဖြုတ်ချပြီး သူတို့ရဲ့ တင်းကျပ်တဲ့ အစ္စလာမ္မစ် အုပ်ချုပ်မှုကို ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကစကာ ပါကစ္စတန်ရဲ့သွေးထွက်သံယိုအပြင်းထန်ဆုံး တိုက်ခိုက်မှုတချို့ကို ပြုလုပ်ခဲ့ပြီး တစ်ခါတစ်ရံ တရုတ်လိုမျိုး နိုင်ငံခြားသားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြရာ ပြီးခဲ့တဲ့လကလည်း ပါကစ္စတန်နိုင်ငံမှာ အသေခံဗုံးခွဲမှုကြောင့် တရုတ်အလုပ်သမား ၅ ဦးနဲ့ ဒေသခံယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားအားလုံးကတော့ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ သိရပြီး အဆိုပါဂျပန်နိုင်ငံသားတွေကို ရဲတပ်ဖွဲ့က လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းပေးထားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Abrar Hussain Baloch က ပြောကြားခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွက် မည်သည့် စစ်သွေးကြွအဖွဲ့ကမှ တာဝန်ရှိကြောင်း ချက်ခြင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

Ref; The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *