၁၉.၄.၂၀၂၄
Written by TZ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ ဆယ်မိုင်ကျေးရွာရှိ ရာဘာခြံအနီးတွင် ပုပ်ပွပြီးသေဆုံးနေသည့် စိတ်ဝေဒနာခံစားနေရသော အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို သုံးပတ်ကြာမှတွေ့ရှိကြောင်း သိရသည်။

ဧပြီလ ၁၈ ရက်နေ့တွင် ထင်းရှာသူများမှ ရုပ်အလောင်းတွေ့ရှိကြောင်း မေတ္တာလေညင်းလူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့်ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ပုပ်ပွပြီး လောက်တွေတတ်နေတော့ ဘယ်လိုသေတာလည်းတော့မသိဘူး။ သူက စိတ်ဝေဒနာခံစားနေရတဲ့သူ။ မိသားစုတွေပြောတာကတော့ သုံးပတ်ကြာပြီ ပျောက်နေတာ။ ဘယ်နေ့ကပျောက်တာလဲတော့ မသိဘူး။ အလောင်းကတော့ ၁၈ ရက်နေ့ကတွေ့တာ” ဟု မေတ္တာလေညင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပုပ်ပွပြီးသေဆုံးသည့် အသက် ၅၇ နှစ်အရွယ် ဒေါ်ဆောင်မျော်မှာ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး၊ ရုပ်အလောင်းကို ထိုလူမှုကူညီရေးအသင်းမှ မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ညနေ ၄ နာရီအချိန်တွင် မိုးညှင်းသုဿန်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မေတ္တာလေညင်းလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *