၁၉.၄.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ အလယ်မြောင်ကျေးရွာ၊ အောင်ချမ်းသာ အလယ်မြောင်လမ်းဘေးရှိ နေအိမ်တွင် ဧ​ပြီ ၁၈ ရက် နံနက် ၈ နာရီခွဲက ဇနီးသည်နှင့်စကားများရာမှ ခင်ပွန်းက နေအိမ်ကို မီးရှို့၍ နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

အသက် ၃၃ နှစ်အရွယ် ကိုဆက်ခိုင်က ဇနီးသည်နှင့်စကားများသဖြင့် ၎င်းနေအိမ်တံစက်မြိတ်နှင့် ယောက္ခမ၏ နေအိမ်တံစက်မြိတ်ကို မီးရှို့ခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် မီးရှို့သူ၏ ၁၀ ပေပတ်လည် သက်ကယ်မိုး၊ ထရံကာ၊ ဝါးခင်းနေအိမ်နှင့် အလျား​ ပေ ၂၀၊ အနံ ၁၅ ပေရှိ သက်ကယ်မိုး၊ ထရံကာ၊ ပျဥ်ခင်း ၂ ထပ် ယောက္ခမ၏ နေအိမ်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

“မီးသတ်စခန်းနဲ့ မိုင်၂၀ လောက်ဝေးတယ်။ ကျွန်တော်တို့ ရောက်သွားတော့ အိမ်ကအကုန်မီးလောင်နေပြီ”ဟု မီးငြှိမ်းသတ်သူ တစ်ဦးက ပြောသည်။

မီးလောင်မှုမှာ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အိမ် ၂ လုံး မီးလောင်ဆုံးရှုံးမှုကြောင့် အသက် ၃၃ နှစ်အရွယ် ကိုဆက်ခိုင်ကို ဥက္ကံနယ်မြေရဲစခန်းက ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *