MT News
၁၈. ၄. ၂၀၂၄

တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာသုသာန်၌ မေတ္တာပို့ဆုတောင်းပွဲပြုလုပ်နေသည့်နေရာသို့ PDF များက လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာသုသာန်၌ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက သံဃာတော် ၄ ပါး ပင့်ဖိတ်၍ မေတ္တာပို့ဆုတောင်းပွဲပြုလုပ်နေစဉ် PDF ၂ ဦးက မော်တော်ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝါးသုံးပြူးကျေးရွာ၊ သီရိမာလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ သက်တော် (၇၃)နှစ်၊ ဝါတော် (၂၂) ဝါနှင့် ထောက်ကြံ့ကွင်းကျေးရွာ၊ အောင်မြေသာသနာကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တကုန္ဒလဇောတိ၊ သက်တော် (၄၅) နှစ်၊ ဝါတော် (၂၅) ဝါတို့တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး သီရိမာလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသသည် ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ သံဃာတော်များအား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့သည့် PDF များအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *