၁၈. ၄. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယား အမျိုးသမီး အဆိုရှင်အဖွဲ့ Lovelyz ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သလို ရသစုံလင် အစီအစဉ်တွေမှာ ထင်ပေါ်ကျော်ကြားပြီး ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ Lee Mijoo ဟာ ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်းရဲ့ ဂိုးသမားဖြစ်သူ Song Bum Keun
နဲ့ တွဲနေကြတယ်လို့ သတင်းတွေ ဒီနေ့မှာ ထွက်ပေါ်လာခဲ့ပြီး သူမရဲ့ အေဂျင်စီကလည်း အတည်ပြုပေးခဲ့ပါတယ်။

ကိုရီးယားက အင်တာနက်အသုံးပြုသူတွေဟာ ဂျပန်နိုင်ငံရဲ့ နေရာတစ်ခုတည်းမှာ ရိုက်ကူးထားတဲ့ သူတို့ရဲ့ လတ်တလောက Instagram ပို့စ်တွေကို မြင်တွေ့ပြီးနောက် သူတို့ရဲ့ ဆက်ဆံရေးကို အရင်ထင်ကြေးပေးခဲ့ကြတာဖြစ်ပြီး အဲ့ဒီနောက် မီဒီယာတွေကလည်း သူတို့နှစ်ဦးသား တွဲနေကြတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာကို တုံ့ပြန်တဲ့အနေနဲ့ Lee Mijoo ရဲ့အေဂျင်စီ Antenna က သူတို့နှစ်ဦးသားရဲ့ဆက်ဆံရေးကို အတည်ပြုပေးခဲ့ပြီး သူတို့ကို ဆက်လက်အားပေးသွားကြဖို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

Lee Mijoo ကို ၁၉၉၄ ခုနှစ်က မွေးဖွားခဲ့ပြီး သူမဟာ ၂၀၁၄ ခုနှစ်က Lovelyz ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ်ပွဲဦးထွက်ခဲ့ကာ လက်ရှိမှာ How Do You Play လိုမျိုး နာမည်ကြီး ရသစုံလင်ရှိုးအမျိုးမျိုးမှာ ပါဝင်ရိုက်ကူးနေပြီး သူမရဲ့ တက်ကြွတဲ့ ပါဝင်မှုတွေကြောင့်လည်း ပရိသတ်တွေဆီက အချစ်ခံနေရကာ နာမည်ကျော်ကြားနေသူတစ်ဦးဖြစ်ပါတယ်။

Song Bum Keun ကိုတော့ ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူဟာ ပရော်ဖက်ရှင်နယ်ဂိုးသမားတစ်ဦးဖြစ်ကာ လက်ရှိ J1 လိဂ်မှာ Shonan Bellmare အသင်းအတွက် ကစားနေပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *