၁၈.၄.၂၀၂၄
Translated by Htwe Ko Tun

(Deccan Herald က ဖော်ပြထားသော “Delhi,wake up to Myanmar Developments” ကို ဆီလျော်သလို ကောက်နုတ်ပြန်ဆိုပါသည်)

အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ပြောင်းလဲတိုးတက်မှုတွေအပေါ် သတိပြုမိပါပြီ။

မြန်မာ နစကအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီစကားလုံးလေးကို ပြောခဲ့တာနဲ့အတူ မြန်မာတို့ရဲ နှစ်သစ်ကူး ရေကစားပွဲတော်အပြီး နှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်မှာ မြန်မာအစိုးရက နိုင်ငံတစ်ဝန်းအကျဉ်းထောင်တွေက အကျဉ်းသား ၃,၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီအချက်က မြန်မာအစိုးရခေါင်းဆောင်ဗိုလ်ချုပ်ကြီးတွေရဲ့ ပြောင်းလဲလာတဲ့ တစ်ခုတည်းသော အခြေအနေလို့ မဆိုနိုင်သေးပါဘူး။

မြန်မာအစိုးရက နိုင်ငံအတွင်း ပူပြင်းလှတဲ့ရာသီဥတုအပူရှိန်ကိုလည်း ပြောကြားခဲ့တာနဲ့အတူ သတင်းတွေအရတော့ မြန်မာအစိုးရက နေပြည်တော်အကျဉ်းထောင်မှာ ပြစ်ဒဏ် ၂၈ နှစ် ကျခံနေရတဲ့ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီသမ္မတဟောင်း ဦးဝင်းမြင့်တို့ကို အိမ်အကျယ်ချုပ်အဖြစ် ရွှေ့ပြောင်းခဲ့တယ် ဆိုပြန်ပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာပဲ မြန်မာအစိုးရ တပ်မတော်ဟာ ဒီမိုကရေစီတော်လှန်ရေးဆိုပြီး အစိုးရကို ဆန့်ကျင်တော်လှန်နေကြတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေလက်ထဲ နိုင်ငံပိုင်နက်နယ်မြေတချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပါသေးတယ်။မကြာခင်ရက်ပိုင်းက တိုက်ပွဲတွေမှာလည်း ကေအန်ယူ အ မည်ခံ ကရင်လူမျိုးစု လက်နက်ကိုင်အဖွဲ့က ထိုင်းနယ်စပ်ရှိ မြဝတီမြို့ကို သိမ်းဖို့ကြိုးစားခဲ့ကြပါသေးတယ်။

အစိုးရကိုဆန့်ကျင်နေတဲ့ သောင်းကျန်းသူတပ်ဖွဲ့တွေက မြန်မာ့တပ်မတော်စစ်စခန်းတွေကိုတင်မကပါဘူး။ နေပြည်တော်အထိ မောင်းသူမဲ့လေယာဉ်တွေသုံး တိုက်ခဲ့ကြတာတွေ့ရပါတယ်။ ဒါကြောင့်လည်း လူမျိုးစု လက်နက်ကိုင်တွေက မြန်မာနိုင်ငံရဲ့ ပြည်မဒေသကိုများ ကျူးကျော်တိုက်ခိုက်လာကြဖို့ အချက်ပြနေသလားလို့တောင် ထင်စရာဖြစ်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံတဲ့ ပြည်ပြေး NUG အစိုးရရဲ့ လက်နက်ကိုင်အဖွဲ့ဆိုရမယ့် PDF အဖွဲ့ကလည်း ခုခံတိုက်ခိုက်မှုတွေမြှင့်တင်လာပါတယ်။ ၂၀၂၃ ခုနှစ် ၊အောက်တိုဘာလက PDF အဖွဲ့က လူမျိုးစုလက်နက်ကိုင်အဖွဲ့သုံးဖွဲ့နဲ့ပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပုန်ကန်ထကြွတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာတော့ ချင်းလူမျိုးစုလက်နက်ကိုင်တွေက အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာတပ်မတော် တပ်စခန်းအချို့က တပ်ဖွဲ့ဝင်တွေကို တိုက်ထုတ်ဖို့ လုပ်ခဲ့ကြပြန်ပါတယ်။

၂၀၂၄ ခူနှစ် နှစ်ဆန်းပိုင်းမှာတော့ အေအေ အဖွဲ့ခေါ်တဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေက ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အတွင်း နယ်မြေတွေတချို့ကို တိုက်ခိုက်စိုးမိုးထားပြန်ပါတယ်။ ဒီမှာ တပ်မတော်သားတွေလက်နက်ချတယ်ဆိုပြန်သူတွေလည်း ရှိပါတယ်။ ဒီမှာ မြန်မာအစိုးရက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာတဲ့အခါမှာတော့ မြန်မာလူငယ်တွေ ထိုင်းနိုင်ငံဘက်ကိုဝင်ပြေးကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့မှာ နိုင်ငံအတွင်း အတင်းအကျပ်စစ်မှုထမ်းဖို့ လူမျိုးစုလက်နက်ကိုင်တွေက သူတို့လက်အောက်ရောက်နေတဲ့ ရှမ်းပြည်မြောက်ဘက်ပိုင်းနယ်မြေတချို့နဲ့ ရခိုင်မြောက်ပိုင်း နယ်မြေတွေမှာ လိုက်လံလူစုနေတာတွေ့ရပါတယ်။

ဒီလို အခက်အခဲ အခြေအနေတွေ ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံရဲ့ နစက အစိုးရအနေနဲ့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲအမြန်ကျင်းပကာ အရပ်ဘက်အစိုးရကို အာဏာလွှဲပေးဖို့ ပိုလို့သေချာလာပါတယ်။ မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်ဖို့ အပြောင်းအလဲလေးတွေဖြစ်စေဖို့ကတော့ တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့ကတော့ နိုင်ငံတကာက ပါဝင်လှုပ်ရှားသူတွေအနေနဲ့ ပါဝင်နေကြတယ်လို့လည်းဆိုရမှာပါ။

ဒီအချိန်မှာ အိန္ဒိယအစိုးရအနေနဲ့လည်း အိမ်နီးချင်း မြန်မာနိုင်ငံအတွင်းဆောင်ရွက်နေတဲ့ မပြီးဆုံးသေးတဲ့စီမံကိန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ရော၊ မြန်မာနိုင်ငံမှာအခြေအနေတည်ငြိမ်ပြီး ဒီမိုကရေစီပြန်လည်ထွန်းကားဖို့အတွက်ပါ မြန်မာအစိုးရရဲ့ အပြောင်းအလဲခြေလှမ်းတွေမှာ ပါဝင်ကူညီဖို့ နောက်မကျသေးဘူးလို့ ဆိုရမှာပါ။

Ref– Deccan Herald

Leave a Reply

Your email address will not be published. Required fields are marked *