၁၈.၄.၂၀၂၄
Written By Thandar

မြန်မာနှစ်ဆန်း ၂ ရက်‌ ဧပြီလ ၁၈ ရက်နေ့မှာ ကျရောက်တဲ့ ပရိသတ် အချစ်တော် မင်းသမီးလေး ရွှေသမီးရဲ့ မွေးနေ့နှစ်ဦးအလှူကို ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကို ဆန်ဆီစားသောက်ကုန် တချို့ဝေငှခဲ့ပါတယ်။

“မွေးနေ့လည်းဖြစ်တယ်။ နှစ်ဦးအလှူလေးလည်း ဖြစ်တယ်ဆိုတော့ ဒီလိုလှူဒါန်းရတဲ့အကျိုးကြောင့် ရွှေသမီး@ခင်ငြိမ်းချမ်းလေး သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ။ သဘာဝဘေးအန္တရာယ်ကနေ ကင်းဝေးပါစေ။ ကပ်ကြီးသုံးပါးကျော်လွှားနိုင်ပါစေ။ ဆထက်တမ်းပိုး တိုးတက်ပါစေ။ မိဘကို ဒီထက်မက လုပ်ကျွေးနိုင်ပါစေ….ရွှေရွှေတို့ ရတနာဗို ညီထွဋ်ခေါင်တို့ တာကြီးအပေါ်မှာ ချစ်ခင်လေးစားကြတယ်လေ။ ဒါကြောင့် မွေးနေ့မှာ တာကြီးတို့ လှူဒါန်းဖို့ လိုအပ်နေတဲ့ နေရာကို တိုင်ပင်ပြီးတော့ လှူဖြစ်တာပါ။ ကလေးတွေက မိဘကို လုပ်ကျွေးပြုစုတဲ့ ကလေးတွေ။ ပို ချစ်ခင်မိပါတယ်။ သိပ်လိမ္မာတဲ့ကလေးလေးတွေပါ” လို့ သရုပ်ဆောင် မအေးသီတာက ပြောပါတယ်။

အဆိုပါ မွေးနေ့ ကုသိုလ်ပြုအလှူအနေနဲ့ သရုပ်ဆောင် အေးသီတာ@‌တာကြီးရဲ့ ကူညီပေးမှုနဲ့အတူ ဆန် ၊ ဆီ ၊ ဆား ၊ ကြက်သွန်တွေကို လူအယောက် ၂၀၀ စာအတွက် ရွှေသမီးက ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။ သူမကတော့ လက်ရှိ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ရင်သွေး ဇာတ်လမ်းတွဲမှာ ခင်ငြိမ်းချမ်း ကာရိုက်တာနဲ့ ပရိသတ်ချစ်ခင်မှုကို ပိုမိုရရှိနေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *