၁၈. ၄. ၂၀၂၄
Written by Pan Ei

မြန်မာအစိုးရနဲ့ သူပုန်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အိန္ဒိယ အရှေ့မြောက်ပိုင်းနယ်စပ် မဏိပူရပြည်နယ်ကို ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံက အထောက်အထားမဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အိန္ဒိယရဲ့ ကြိုးပမ်းမှုကို နှောင့်နှေးစေတယ်လို့ အိန္ဒိယ လုံခြုံရေးအရာရှိတွေက ပြောကြားခဲ့ကြောင်းကို နိုင်ငံတကာသတင်းဌာနတွေက ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာအငြင်းပွားမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံက ထောင်နဲ့ချီသော အရပ်သားတွေနဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေက နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးခဲ့ကြရပါတယ်။

အာဏာအငြင်းပွားမှုဖြစ်ပွားပြီးနောက် အိန္ဒိယနယ်စပ်မြို့ မိုးရေးကတစ်ဆင့် စာရွက်စာတမ်းမပါဘဲ ဝင်ရောက်လာသူ အနည်းဆုံး ၇၇ ဦးကို မဏိပူရအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးမယ်လို့လည်း ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။

အဆိုပါကိစ္စက ထိလွယ်ရှလွယ်ဖြစ်နေတာကြောင့် အကြီးတန်းရဲအရာရှိတစ်ဦးက “သုံးဆယ့်ရှစ်ဦးက်ို (ပြည်နယ်မြို့တော် အင်ဖာကနေ) မိုးရေးမြို့ကို ခေါ်ဆောင်သွားပေမဲ့ သူတို့ကို ပြန်လည်ခေါ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေရဲ့ ဆက်သွယ်မှုကို စောင့်မျှော်နေပါတယ်” လို့ အမည်မဖော်ဘဲ ပြောကြားခဲ့ပါတယ်။

မဏိပူရပြည်နယ်အစိုးရရဲ့စာရွက်စာတမ်းတွေအရ ဒုက္ခသည် ၇၇ ဦးကို မတ်လ ၈ ရက်ကနေ ၁၁ ရက်အထိ မြန်မာနိုင်ငံကို ပြန်ပို့ဖို့စီစဉ်ခဲ့တာလို့သိရသလို သူတို့ထဲက ၃၈ ဦးကို မတ်လ ၁၀ ရက်က မိုးရေးမြို့ကို ပို့ဆောင်ခဲ့ပြီး အဲ့အချိန်ကစ သူတို့ဟာ အိန္ဒိယမှာ ပိတ်မိနေခဲ့တာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် “တမူးဒေသမှာ မြန်မာအစိုးရက မတည်မငြိမ်ဖြစ်နေလို့ပါ” လို့ မြန်မာနိုင်ငံ ဒေသတစ်ခုကို ရည်ညွှန်းပြီး အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားခဲ့သလို မြန်မာအစိုးရက ပြန်မခေါ်ရင် ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်ပို့နိုင်တယ်လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအစိုးရက မှောင်ခိုကုန်ကူးမှုတွေနဲ့ အခြားသော ဥပဒေနဲ့မညီတဲ့လုပ်ဆောင်မှုတွေကို တားဆီးဖို့အတွက် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ ကုန်ကျမဲ့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ကီလိုမီတာ ၁,၆၁၀ ရှိ နယ်စပ်ခြံစည်းရိုး ကာရံတည်ဆောက်သွားဖို့ရှိနေပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကို လွတ်လပ်စွာဖြတ်သန်းခွင့်(Free movement – FMR) ကိုလည်း မကြာခင် ပြန်ရုပ်သိမ်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *