September 21, 2024

၁၈.၄.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့ရှိ ဆည်ရေလှောင်တမံတွင် မိသားစုဝင်များနှင့်အတူ ရေကစားသည့် အမျိုးသားတစ်ဦး ရေနစ်၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် ဖြူးမြို့ရှိ ဆည်ရေလှောင်တမံ၌ အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း ဖုန်းဆက်လာသောကြောင့် ဖြစ်စဥ်နေရာသို့ ကရုဏာရင်ခွင်အရေးပေါ်ကယ်ဆယ်ရေးပရဟိတအသင်းနှင့်နန်းတော်ဦးပရဟိတအသင်းမှ ရေနစ်သည့်အမျိုးသားအား လိုက်လံရှာဖွေရာ သေဆုံးသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

“ရေနစ်ပြီး သေသွားတဲ့ ကောင်လေးရဲ့မိဘတွေရော၊ သူ့ရဲ့အမျိုးသမီးရော ရေအတူတူကစားကြတာ။ အဲ့ဒီမှာ သူက ရေကူးရင်း ရေစီးနဲ့မျောပါသွားတာ”ဟု ကရုဏာရင်ခွင် အရေးပေါ်ကယ်ဆယ်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ရေနစ်သေဆုံးသည့် အမျိုးသားမှာ အသက် ၂၄ နှစ်အရွယ် ကိုရဲရင့်သွေးဖြစ်ပြီး ၎င်းမှာ ရေခဲ ( ၅) လမ်း၊ ( ၂၂) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း၊ ရုပ်အလောင်းကို ထိုအသင်းမှ တောင်ငူဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – ကရုဏာရင်ခွင်အရေးပေါ်ကယ်ဆယ်ရေးပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *