April 30, 2024

၁၇.၄.၂၀၂၄
Photo & Writer TZ

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်အစဖြစ်တဲ့ ဒီနေ့ နှစ်ဆန်းတစ်ရက်ညဦးပိုင်းမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ တည်ထားပူဇော်တဲ့ ကမ္ဘာပေါ်က ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်တွေထဲ ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်သူ များပြားလှပါတယ်။

မဟာသင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကိုရီးယားနိုင်ငံက K-pop အနုပညာရှင်တွေကလည်း နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့ကို ဖူးမြော် ကြည်ညိုပူဇော်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *