၁၇. ၄. ၂၀၂၄
Written by Thettant

မြန်မာနှစ်ဆန်းတစ်ရက်ဟာ နှစ်သစ်ကို အစပြုတာဖြစ်လို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ နိုင်သလိုပုံစံဒါနပြုကြသလို အခုလည်း နှစ်ဆန်းတစ်ရက်ညနေဘက်မှာ ပြုလုပ်တဲ့ စတုဒိသာအလှူတစ်ခုမြင်ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဒီအလှူဟာ တာမွေမြို့နယ်က အေးချမ်းအောင်မြင်ငွေကျောင်းတိုက်မှာ ထမင်းနဲ့ ဘဲဥသီးစုံချဥ်ဟင်း စတုဒိသာပြုလုပ်တာဖြစ်ပြီး သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ကလည်း နှစ်သစ်အလှူအဖြစ် လာရောက်စားသုံးသူတွေကို ယမ်ယမ်တစ်ထုပ်၊ လတ်တိုဆွိုင်းတစ်ဘူး၊ အေမီကိုပေါင်မုန့်တစ်ထုပ်နဲ့ မင်္ဂလာ ဘီစကစ်တစ်ထုပ်၊ ပိုက်ဆံ ၁၀၀၀ စီကို လူ ၁၂၀ စာ လှူပေးခဲ့တဲ့အပြင် စတုဒိသာလာရောက်စားသုံးသူတွေကို ကျပ် ၁၀၀၀၀ ဆု ၁၁ ဆု၊ ကျပ် ၅၀၀၀ ဆု ၃၀၊ ကျပ် ၁၀၀၀ ဆု ၂၀ နဲ့ ကျပ် ၅၀၀ ဆု ၂၀ တို့ကိုလည်း ကံစမ်းမဲဖောက်ပေးခဲ့သေးတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News