၁၃ . ၄ . ၂၀၂၄
Written by MMAK

◾ နယူးကာဆယ် Vs စပါး

နယူးကာဆယ်အသင်း အဆင့် ၆ နေရာအတွက် မျှော်လင့်ချက် ရှိနေသေးတာဖြစ်သလို စပါးအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေချိန် ဖြစ်ပါတယ်။ စပါးအသင်းက ဒီပွဲပြီးရင် အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ လန်ဒန်ဒါဘီပွဲ ကစားရမှာ ဖြစ်သလို လီဗာပူးအသင်းနဲ့လည်း ဆက်တိုက်ကစားရမဲ့ အခြေအနေကြောင့် ပွဲကြပ်တွေ ဆက်တိုက်ကစားရမှာ ဖြစ်ပြီး အမှတ်လျော့နိုင်တဲ့ အခြေအနေရှိပါတယ်။ နယူးကာဆယ်အသင်းမှာ ကစားသမား ၁၃ ယောက်အထိ ဒဏ်ရာရ ပွဲပယ်ထိနေတာကြောင့် အမာခံကစားသမားရယ်လို့ ဂွီမာရေး ၊ အီဆတ် နဲ့ ဂေါ်ဒွန်တို့လောက်သာ ရှိတာဖြစ်ပါတယ်။ ကွင်းလယ်က ဂျိုလင်တန် ပြန်ကစားနိုင်မယ်ဆိုရင် ပိုကောင်းလာနိုင်ပေမဲ့ ကစားပွဲတွေနဲ့ လနဲ့ချီဝေးကွာနေတဲ့ ကစားသမားတစ်ယောက်ဆီကနေ သိပ်မျှော်လင့်ထားလို့ မရပါဘူး။ ဒီပွဲမှာ စပါးအသင်းက ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေးပါးပါးသာ ပေးထားပေမဲ့ ဂိုးပေါင်းကြေးက အဆမတန်မြင့်တက်နေတဲ့ အနေအထားမှာ ဂိုးပေါ်ကို ရွေးရဦးမှာ ဖြစ်ပါတယ်။ စပါးအသင်းက တိုက်စစ်ဖွင့်ကစားတဲ့အသင်းဖြစ်လို့ အဝေးကွင်းပွဲစဉ်တွေမှာ ခံစစ်က စိတ်မချရတဲ့ အသင်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းတိုက်စစ်က လျှော့တွက်လို့မရတဲ့ အခြေအနေကြောင့် ဂိုးပေါ် တစ်မျိုးတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

◾ဘရန့်ဖို့ Vs ရှက်ဖီး

တန်းဆင်းဇုန်အထက်က ဘရန့်ဖို့အသင်းအနေနဲ့ နောက်ဆုံး ကိုးပွဲဆက် နိုင်ပွဲမရခဲ့ဘဲ လေးပွဲသရေ ငါးပွဲရှုံးထားတာ တွေ့ရပါတယ်။ တန်းဆင်းဇုန်နဲ့ လေးမှတ်သာ အသာရထားတဲ့ အခြေအနေကြောင့် တန်းဆင်းဇုန်နဲ့ လုံးဝမလွတ်သေးဘဲ စိတ်မချရသေးတဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။ အဝေးကွင်း ရှက်ဖီးအသင်းကတော့ တန်းဆင်းရဖို့ သေချာနေခဲ့သလို ခံစစ်က အရမ်းညံ့လွန်းတာကြောင့် ပွဲတိုင်းနီးပါး ဂိုးပေးနေရသလို တိုက်စစ်က ဂိုးပြန်သွင်းနိုင်မှသာ သရေရလဒ်ကို ရယူနိုင်တဲ့ အသင်းဖြစ်နေပါတယ်။ ကိုးပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ဘရန့်ဖို့အသင်း နိုင်ပွဲပြန်ဖော်ဆောင်နိုင်ဖို့ ကြိုးစားလာမှာဖြစ်သလို တစ်ဂိုးအသာလောက်နဲ့ အနိုင်ရဖို့ သေချာနေပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘရန့်ဖို့အသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်ရှုံးဖြစ်ပါတယ်။ ဘော်ဒီပေါက်ကြေးအရ အိမ်ရှင်ဘရန့်ဖို့အသင်း အနိုင်တစ်ဂိုးသေချာနေသလို အဝေးကွင်းညံ့တဲ့ ရှက်ဖီးအသင်းကြောင့် ဘရန့်ဖို့အသင်းရဲ့ ဂိုးရလဒ်က ပြတ်သားဖို့ရှိနေပြီး သွင်းဂိုးတွေ ထပ်ရဦးမယ် ထင်ပါတယ်။ အိမ်ရှင်ဘရန့်ဖို့အသင်း ဂိုးပြတ်အနိုင်ရသွားပါလိမ့်မယ်။

◾ဘန်လေ Vs ဘရိုက်တန်

နောက်ပိုင်းပွဲစဉ်တွေမှာ ရုန်းအားကောင်းလာတဲ့ ဘန်လေအသင်းအနေနဲ့ သူ့အထက်က အသင်းတွေကို အမှီလိုက်ဖို့ဆိုရင် တိုက်စစ် ဖွင့်ကစားဖို့ပဲ ရှိပါတယ်။ ဘန်လေအသင်းက တိုက်စစ်အားသန်အသင်းဖြစ်ပြီး အိမ်ကွင်းပွဲဆိုရင် သေချာပေါက် တိုက်စစ်ဖွင့်ကစားပြီးအနိုင်ရလဒ်ကိုသာ ဦးတည်လာမှာ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းအတက်အကျများနေတဲ့ အသင်းဖြစ်ပြီး မှန်းဆရခက်ခဲသလို နောက်ဆုံးရှစ်ပွဲမှာ ငါးပွဲရှုံး တစ်ပွဲသရေနဲ့ နှစ်ပွဲသာ အနိုင်ရထားတာ ဖြစ်ပါတယ်။ မီတိုမာကလွဲပြီး လူပြန်စုံလာတဲ့ ဘရိုက်တန်အသင်းအနေနဲ့ ဘန်လေအသင်းတိုက်စစ်ကို ယှဉ်ကစားမဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဒီပွဲစဉ်မှာ ဘရိုက်တန်အသင်းက ပြားခုနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ တိုက်စစ်ဖွင့်ကစားကြမဲ့ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ရှိတာကြောင့် ဂိုးပေါ်တစ်ကြောင်းတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

◾မန်စီးတီးVs လူတန်တောင်း

မန်စီးတီးအသင်း ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်ကစားခဲ့ရလို့ အနည်းနဲ့အများ ပွဲပန်းနေနိုင်သလို လူငယ်ကစားသမားတွေ အရန်ကစားသမားတွေ ထည့်သွင်းအသုံးပြုလာနိုင်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲပြီးရင် ရီးရဲအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်ကစားရဦးမှာဖြစ်တဲ့အတွက် ပွဲကိုထိန်းကစားတာမျိုး တွေ့ရနိုင်ပါတယ်။ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ လူတန်တောင်းလိုအသင်းကို သက်သောင့်သက်သာ အနိုင်ယူလို့ရတဲ့ အခြေအနေမှာ ဂိုးပြတ်သွင်းဖို့ အားသွန်ခွန်စိုက်ကစားကြမယ် မထင်ပါဘူး။ သုံးဂိုးပြတ် အနိုင်ရမှ​ကြေးအောင်မဲ့ မန်စီးတီးအသင်းကို သဘောမကျသလို လူတန်တောင်းအသင်းအနေနဲ့ တန်းမဆင်းရဖို့ အသေအလဲ ရုန်းကန်းလာနိုင်ပါသေးတယ်။ လူတန်တောင်းအသင်းသာ တစ်ဂိုးလောက်ရသွားခဲ့ရင် မန်စီးတီးအသင်း ဘော်ဒီကြေးအောင်ဖို့ ခက်ခဲနိုင်ပြီး ကပ်ပြီးတော့ အနိုင်ရသွားတာမျိူးသာ ဖြစ်နိုင်ပါတယ်။ အဝေးကွင်းလူတန်တောင်းအသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾နော်တင်ဟန်ဖောရက် Vs ဝုဗ်

ဝုဗ်အသင်း တန်းမဆင်းရဖို့ လုံလောက်တဲ့ အမှတ်ရရှိပြီးနောက်ပိုင်း အားစိုက်ကစားတာ မတွေ့ရသလို တိုက်စစ်က နက်တိုနဲ့ ဟွမ်ဟီချမ်းတို့ မကစားနိုင်သေးတဲ့ ပွဲစဉ်တွေမှာ တိုက်စစ်က သွင်းဂိုးတွေရဖို့ ခက်ခဲလာတာ တွေ့ရပါတယ်။ အိမ်ရှင်နော်တင်ဟန် ဖောရက်အသင်းကတော့ တန်းဆင်းဇုန်အထက် နှစ်မှတ်သာ အသာရထားတဲ့အတွက် တန်းဆင်ဇုန်အန္တရာယ် ရှိနေတာဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်နော်တင်ဟန်ဖောရက်အသင်းက ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအပြည့်ရှုံးပေးထားပါတယ်။ ဒီပွဲမှာ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး နှစ်ခုလုံး စုံအောင်ဖို့ မရှိဘဲ တစ်ခုလောက်သာ အောင်နိုင်ပါတယ်။ အိမ်ရှင် နော်တင်ဟန်ဖောရက်အသင်းက အမှတ်လိုအပ်ချက် ရှိနေတာကြောင့် ဘော်ဒီလွတ်ပေးပြီး ဂိုးပေါင်းထိန်းမယ်လို့ ယူဆထားတာကြောင့် ဒီပွဲမှာ နှစ်ဖက်သွင်းဂိုး သုံးဂိုးထိရောက်မယ် မထင်ပါဘူး။ နော်တင်ဟန်ဖောရက်အသင်း ကပ်နိုင်ရင်နိုင် မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့သာ ပွဲပြီးသွားနိုင်တာမလို့ ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ဘုန်းမောက် Vs မန်ယူ

ဒီပွဲမှာ အောက်အသင်း ဘုန်းမောက်က ပြားတစ်ဆယ်ရှုံးကြေးကြော ပြန်ပေးထားတွေ့ရပြီး ဂိုးပေါင်းကြေး သုံးလုံး ငါးဆယ်အရှုံးဖြစ်ပါတယ်။ မန်ယူအသင်းက ဥရောပဝင်ခွင့်တစ်နေရာရဖို့ ကြိုးစားနေတာဖြစ်သလို ချဲလ်ဆီးအသင်းကို နောက်ဆုံးမိနစ်မှ ကပ်ရှုံးခဲ့ပြီး လီဗာပူးအသင်းကို သရေကစားထားကာ ဒီနှစ်ပွဲမှာ ငါးဂိုးထိသွင်းနိုင်ခဲ့တာတွေ့ရသလို ခံစစ်က ခြောက်ဂိုးပြန်လည် ခွင့်ပြုထားတာ တွေ့ရပါတယ်။ ဘုန်းမောက်အသင်းက တိုက်စစ်ကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ပြီး မတ်လအတွက် အကောင်းဆုံးနည်းပြဆုကို ဘုန်းမောက်နည်းပြ အိုင်ရိုလာက ရရှိထားတာ တွေ့ရပါတယ်။ ပထမအကျော့ မန်ယူအသင်း အိမ်ကွင်းမှာ မန်ယူအသင်းက တစ်လုံးသရေပေးခဲ့တာ ဖြစ်ပြီး ဘုန်းမောက်အသင်းက သုံးဂိုးပြတ်အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ကြေးကြောပြန်ပေးခံထားရတဲ့မန်ယူအသင်းကို သိပ်မကြိုက်သလို ဂိုးပေါင်းကြေးကိုသာ ရွေးချယ်ပေးချင်ပါတယ်။ ဘော်ဒီကြေး ပြားတစ်ဆယ်သာပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်ရှုံးပေါက်ကြေးမှာ တိုက်စစ်ကောင်းတဲ့ ဘုန်းမောက်အသင်းနဲ့ အမှတ်လိုအပ်ချက်ရှိတဲ့ မန်ယူအသင်းတို့ တွေ့ဆုံမှုမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရမဲ့ ပွဲလို့သုံးသပ်ပါတယ်။ အနိမ့်ဆုံး သုံးဂိုးလောက်က အသာလေး မြင်ရနိုင်တာမို့ ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ် ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *