၁၃. ၄. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်က အဓိကလမ်းမကြီး တစ်ခုမှာ မနေ့က ကုန်တင်ကားနှစ်စီး တိုက်မိရာက မြန်မာနိုင်ငံသားတစ်ဦး သေဆုံးကာ အသက် ၅၈ နှစ်အရွယ် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဆီလန်ဂေါမီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ချက်အရ အဆိုပါဌာနဟာ ဧပြီလ ၁၂ ရက် ညနေ ၄ နာရီ ၅ မိနစ်က အရေးပေါ်ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ပြီး ပူချောင်မီးသတ်စခန်းက မီးသတ်သမားခုနစ်ဦးက အခင်းဖြစ်ပွားရာကို အလျင်အမြန်သွားရောက်ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်မိခဲ့တဲ့ ကုန်တင်ကားနှစ်စီးမှာ ရေခဲတွေတင်ဆောင်လာတဲ့ ငါးတန်အရွယ် ကုန်တင်ယာဉ်တစ်စင်းနဲ့ အခြားကုန်ကားတစ်စီးတို့ ဖြစ်ပြီး သေဆုံးသူ အသက် ၂၀ အရွယ်အမျိုးသားနဲ့ အသက် ၅၈ နှစ်အရွယ် ဒေသခံအမျိုးသား တစ်ဦးတို့ဟာ အခင်းဖြစ်ပွားပြီးနောက် ရေခဲတွေတင်ဆောင်လာတဲ့ ကုန်တင်ကားထဲမှာ ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။

ဒေသခံအမျိုးသားမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး မီးသတ်သမားတွေက သူ့ကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သလို မြန်မာနိုင်ငံသားကတော့ အခင်းဖြစ်နေရာမှာပဲသေဆုံးသွားကြောင်း အတည်ပြုခဲ့ပြီး မီးသတ်သမားတွေက သေဆုံးသူရဲ့ရုပ်အလောင်းကို အပျက်အစီးတွေကြားကနေ ဖယ်ရှားဖို့ လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *