၁၃.၄.၂၀၂၄
Translated by Htwe Ko Tun

တူရကီနိုင်ငံ အပန်းဖြေစခန်းမြို့ဖြစ်သော အန်တာလျာမြို့၏ အပြင်ဘက်တွင် ကေဘယ်လ်ကားယာဉ်တန်းများသွားလာမှုကို အထောက်အကူပြုထားသည် တာဝါတိုင်ကြီးတစ်ခု ဧပြီ ၁၂ ရက် ညနေ ၆ နာရီခန့်တွင် ပြိုလဲခဲ့မှုကြောင်ု လူတစ်ဦးသေဆုံးကာ၊ ခုနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး လူ ၁၈၄ ဦး လေထဲရှိ ကေဘယ်လ်ကားယာဉ်ငယ်လေးများအတွင်း သောင်တင်နေခဲ့ကြရကြောင်း သိရသည်။

တာဝါတိုင်ပြိုလဲမှုဖြစ်ပွားခဲ့အပြီးတွင် လေထဲ၌သောင်တင်နေသူ ၁၈၄ ဦးကို ကယ်ဆယ်ရေးများပြုလုပ်နိုင်ရန် ညကြည့်မြင်ကွင်းကိရိယာများ တပ်ဆင်ထားသော ရဟတ်ယာဉ်များဖြင့်ဆောင်ရွက်ခဲ့ကြောင်း အန်တာလျာမြို့တော်ဝန် မူဟစ်တင် ဘိုစက်၏ ဧပြီလ ၁၂ ရက် ညပိုင်းက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားခဲ့သည်။ မြို့တော်ဝန်က အထူးကယ်ဆယ်ရေးတပ်ဖွဲ့များဖြင့် ဝေဟင်တွင် ကေဘယ်လ်ယာဉ်တန်းများအတွင်းသောင်တင်နေကြသူများကို ကယ်ဆယ်မှုပြုသွားမည်ဟုဆိုသည်။

ကယ်ဆယ်ရေးအလုပ်သမား ၁၀၀ ခန့်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကာ တူရကီနိုင်ငံ၏ အခြားမည်သည့်နေရာမှမဆို ရောက်ရှိလာသူများဖြင့် ထပ်မံအင်အားဖြည့်တင်းသွားမည်ဟုဆိုသည်။

တာဝါတိုင်ပြိုလဲမှုကြောင့် ကေဘယ်လ်ကားယာဉ်ငယ် ၂၄ စီးမှာ လေထဲတွင် သောင်တင် ဆိုင်းငံ့လျက်ရှိသည်။ ထိုကေဘယ်လ်ယာဉ်တန်းတွင် လူ ၆ ဦးစီလိုက်ပါနိုင်သော ကေဘယ်လ်ယာဉ်ငယ် ၃၆ စီးပါဝင်ကာ ပေ ၅,၀၀၀ ကျော်အမြင့်ရှိ Tunektepe တောင်ထိပ်သို့ ကေဘယ်လ်ကားဖြင့် ၉ မိနစ်ကြာစီးကာ အန်တာလျာမြို့၏ မြင်ကွင်းကျယ်များကိုကြည့်ရှုခံစားရင်း ရောက်ရှိနိုင်သည့် အပန်းဖြေတောင်တက် ကေဘယ်လ်ယာဉ်စီးနင်းမှုဖြစ်သည်။

Ref- The Guardian

Leave a Reply

Your email address will not be published. Required fields are marked *