၁၀. ၄. ၂၀၂၄
Written by Pan Ei

ဒီနေ့ UTC စံတော်ချိန် ၄ နာရီက ထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာ မြန်မာနိုင်ငံက ၄ မြို့အထိ ပါဝင်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသသုတေသနသတင်းတွေကို ထုတ်ပြန်ပေးတဲ့ Ogimet ရဲ့စစ်တမ်းတွေကို ကိုးကားပြီး EDW (El-dorado Weather) က ဖော်ပြခဲ့ပါတယ်။

ဒီနေ့ ထုတ်ပြန်ခဲ့တဲ့ စာရင်းမှာတော့ မြန်မာနိုင်ငံ ချောက်မြို့က အပူချိန် အပူချိန် ၄၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး မကွေးမြို့က ၄၄ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၅၊ မင်းဘူးမြို့က  ၄၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့် ၈၊ ပြည်မြို့က ၄၃ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နဲ့ အဆင့်  ၁၁ တို့နဲ့အတူ  ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာ ပါဝင်နေကြတာပါ။

ဒီနေ့ထုတ်ပြန်တဲ့ စာရင်းအရ ကမ္ဘာ့အပူဆုံးမြို့က အိုမန်နိုင်ငံက အပူချိန် ၅၀ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နဲ့ ဂျိုဘာဆိုတဲ့မြို့ဖြစ်ပြီး မြန်မာနိုင်ငံက ချောက်မြို့ကတော့ မနေ့ကနဲ့ တစ်နေ့က ကမ္ဘာ့အပူဆုံးမြို့အဖြစ် နှစ်ရက်ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံသာမက အရှေ့တောင်အာရှဒေသတွင်းမှာလည်း အပူချိန်တွေအလွန်အမင်းမြင့်တက်မှုတွေ ဖြစ်ပွားလျက်ရှိပြီး အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုတွေနဲ့ သေဆုံးမှုတွေ ရှိနေပါတယ်။

Ref; eldoraweather

Leave a Reply

Your email address will not be published. Required fields are marked *