၁၀. ၄. ၂၀၂၄
Written by Pan Ei

ဟောင်ကောင်မှာ ဒီနေ့ မနက်ပိုင်းက လူစည်ကားတဲ့ ကော်လွန်းခရိုင်ရှိ လူနေအဆောက်အအုံတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့တော်က ဆေးရုံအာဏာပိုင်တွေနဲ့ မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။

အဆိုပါ မီးလောင်ခဲ့တဲ့ အဆောက်အအုံဟာ နေအိမ်ခန်းပေါင်း ၂၄၀ ရှိပြီး ၁၆ ထပ် အဆောက်အအုံဖြစ်ကာ မီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံးငါးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူတွေကို Queen Elizabeth ဆေးရုံနဲ့ Queen Mary ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲ့ဒီသူတွေထဲမှာမှ အမျိုးသမီး ၅ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုဟာ အဆောက်အအုံအတွင်းရှိ Gym ကနေ စတင်ခဲ့ခြင်းဖြစ်တယ်လို့ သိရသလို မီးလောင်နေစဉ် အဆောက်အအုံအတွင်းက လူတွေဟာ ပြတင်းပေါက်တွေကနေ မျက်နှာသုတ်ပုဝါတွေကို ​ဝှေ့ယမ်းကာ ကယ်ဆယ်ခံရဖို့အတွက် အကူအညီတောင်းခံခဲ့ကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရဲနဲ့ မီးသတ်ဌာနက မီးလောင်ရတဲ့ အကြောင်းရင်းကို အသေးစိတ် စုံစမ်းနေပြီး အလားတူ အဖြစ်ဆိုးတွေ မဖြစ်အောင် ကာကွယ်ရေးလုပ်ငန်းတွေ ချမှတ်ဖို့ ဆောင်ရွက်နေလျက်ရှိတယ်လို့လည်း တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။

Ref; SCMP

Leave a Reply

Your email address will not be published. Required fields are marked *