၁၀. ၄. ၂၀၂၄
Written by Thettant

မနေ့က ဧပြီ ၉ ရက် ညသန်းခေါင်အချိန် ပျံ့လွင့်လာခဲ့တဲ့ ရုပ်သံဖိုင်သုံးခုမှာ ဇနီးမောင်နှံဖြစ်ခဲ့ကြတယ်လို့ ပြည်သူသိခဲ့တဲ့ အဆိုတော်တစ်ယောက်နဲ့ အဆိုတော်သရုပ်ဆောင်အမျိုးသမီးတို့ စကားများနေတဲ့အသံဖိုင်မှာ နာမည်တစ်ခုပါဝင်လာပြီး ဒီလိုမျိုးပြောနေတာနဲ့ပတ်သက်လို့ နာမည်တပ်အပြောခံရတဲ့သူတချို့က တုံ့ပြန်လာသလို လူမှုကွန်ရက်မှာပျံ့နေတဲ့အသံဖိုင်ထဲနာမည်ပါဝင်ခံရတဲ့ မအေးသောင်းကလည်း တရားဥပဒေအရဖြေရှင်းမယ်လို့ သူမသုံးစွဲနေတဲ့ Aye Thaung အကောင့်ကနေ သတိပေးလာပါတယ်။

အိမ်ထောင်ရေးဖောက်ပြန်တဲ့အဆိုတော်အမျိုးသားဟာ မိန်းမအယောက် ၁၀၀ ကျော်နဲ့ အတူနေဖူးကြောင်း၊ အိမ်ထောင်ရှိသူတွေနဲ့လည်းဖောက်ပြန်ခဲ့ကြောင်းအပါအဝင် အမျိုးသမီး ၁၀ ဦးခန့်ကို နာမည်နဲ့ပြောရာမှာ အနုပညာအသိုင်းအဝိုင်းက ၄ ဦးပါလာခဲ့တာဖြစ်ပြီး ဒီနေ့မနက်မှာတော့ အဆိုတော်အမျိုးသားပြောတဲ့နာမည်တွေက လူမှုကွန်ရက်မှာ ပျံ့နေခဲ့တာဖြစ်ပါတယ်။

ဒီလိုပျံ့နေမှုအပေါ် နာမည်အတပ်ခံရတဲ့ မအေးသောင်းကတော့ “စကားတစ်လုံးတောင် မပြောထားဖူးဘဲနဲ့ ကိုယ့်နာမည်လာမဆွဲထဲ့နဲ့နော်။ ဘယ်သူ့ကိုမှ ငြိမ်ခံနေမှာမဟုတ်ဖူး။ တရားဥပဒေနဲ့ဖြေရှင်းမှာ။ ⛔️⛔️⛔️⛔️⛔️” လို့ သတိပေးခဲ့သလို Comment ပေးသူတစ်ယောက်က “ဘူမသိကိုးမသိ နာမည်တပ် ရေးထားတဲ့ ဟာတွေကလဲ တမျိုး နော်” လို့ ရေးခဲ့တာကိုလည်း “အဲ့လူတွေပါ Ss ထားတယ်။ ငြိမ်ခံနေတာများပြီ” လို့ တုံ့ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *