၁၀. ၄. ၂၀၂၄
Written by Thettant

ရာသီဥတုပူပြင်းလာမှုကြောင့် နေ့စဥ်သွားလာနေရတဲ့ ပြည်သူတွေ ကွယ်လွန်တိမ်းပါးမှုတွေရှိနေသလို ဒီနေ့တစ်မနက်တည်း ကားမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ပထမဖြစ်စဥ်က ဒီနေ့မနက် ၃ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၉)ရပ်ကွက်၊ ဝါယာလက်(၂)လမ်းအောက်က ဓမ္မာရုံရှေ့ရပ်ထားတဲ့ ပရိုဘောက် ဂက်(စ်)ကား မီးလောင်မှုဖြစ်ပွားခဲ့လို့ မရမ်းကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဥ် ၂ စီးနဲ့ ငြှိမ်းသတ်ခဲ့ကြရပါတယ်။

“မနက်အစောပိုင်း ကားဆွဲဖို့ ကားစက်နှိုးတဲ့အချိန် မီးထလောင်တာလို့ ကနဦးသိရတယ်။ ကားတစ်စီးလုံးနီးပါး မီးလောင်သွားပေမဲ့ လူထိခိုက်တာမရှိပါဘူး”လို့ ကူညီပေးခဲ့တဲ့ပရဟိတအဖွဲ့ဝင်တစ်ဦးက သူသိသမျှဖြစ်စဥ်ပြောပါတယ်။

အခြားဖြစ်စဥ်တစ်ခုကတော့ ဒီမနက်ပိုင်း ရုံးတက်ချိန်မှာ ဆူးလေ – လှိုင်သာယာပြေးဆွဲနေတဲ့ YBS ၆၁ ယာဥ်ဟာ အင်းစိန်မြို့နယ် ​အောင်​​ဇေယျကြိုးတံတားအဆင်း YBS 61 ယာဥ်အ​နောက်ပိုင်း မီး​လောင်လို့ ခရီးသည်တွေ ဆင်းပြေးခဲ့ရ​တာပါ။ ရုံးတက်ချိန် ၉ နာရီကျော်မှာဖြစ်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေကပြောပြီး ကားကလည်း မီးအကြီးအကျယ်လောင်တာမျိုးမဟုတ်ဘဲ မီးခိုးတွေအူထွက်ရုံသာဖြစ်ခဲ့ပြီး ပြည်သူတွေဝိုင်းငြှိိမ်းတာကြောင့် အချိန်တိုနဲ့မီးငြိမ်းခဲ့သလို အကုန်ဆင်းပြေးနိုင်တာကြောင့်လည်း ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *