၁၀ .၄ .၂၀၂၄
Written by MMAK

◾အာဆင်နယ် 2-2 ဘိုင်ယန်မြူးနစ်
– ဆာကာ 12′
– ထရောဆက် 76′

– နာဘရီ 18′
– ဟာရီကိန်း 32′ (Pen)

◾ရီရဲမက်ဒရစ် 3-3 မန်စီးတီး
– ဒိုင်ယက်12′(OG)
– ရိုဒရီဂို 14′
– ဗယ်ဗာဒီ 79′

– ဆေးဗား 2′
– ဖိုဒန် 66′
– ဂိုဘိုင်ဒယ် 71′

◾ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု အပြည့်အဝပေးခဲ့ပြီး ပရိတ်သတ်အကြိုက် ဖြစ်ခဲ့ပါတယ်။ ဆာကာရဲ့သွင်းဂိုးနဲ့ အာဆင်နယ် ဦးဆောင်ဂိုး စ ရခဲ့ပေမဲ့ သိပ်မကြာခင်မှာပင် နာဘရီက ဘိုင်ယန်မြူးနစ်အတွက် ချေပဂိုးပြန်လည်သွင်းယူသွားခဲ့ပါတယ်။ ပွဲချိန်မိနစ်သုံးဆယ်ကျော်မှာ ဆာနေးကြောင့် ရခဲ့တဲ့ ပင်နယ်တီကို ဟာရီကိန်းက အဆုံးသတ် ကန်သွင်းခဲ့ပြီး ပထမပိုင်းမှာ ဧည့်သည် ဘိုင်ယန်မြူးနစ်အသင်းက အနိုင်ရရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန်တွေမှာ အနိုင်ရရှိနေတဲ့ ဘိုင်ယန်မြူးနစ်က ခံစစ်ပိတ်ကစားခဲ့တာကြောင့် အာဆင်နယ် ဂိုးရဖို့အတွက် မိနစ် ၆၀ ကျော်မှာ ထရောဆက်နဲ့ ဂျီးဆပ်တို့ကို လူစားဝင်ကစားစေခဲ့ပြီး တိုက်စစ်မြှင့်တင်ကစားခဲ့ပါတယ်။ လူစားလဲမှု မှန်ကန်တယ်လို့ပြောရမှာ ဖြစ်ပြီး နောက်ဆယ်မိနစ်အကြာမှာ ဂျီးဆပ်ရဲ့ ဖန်တီးပေးမှုကနေ ထရောဆက်က ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။ လက်ကျန်ပွဲကစားချိန် ဆယ်မိနစ်ကျော်မှာတော့ နှစ်ဖက်လုံး သွင်းဂိုးတွေ ထပ်မရခဲ့ဘဲ သရေရလဒ်နဲ့သာ ပွဲပြီးခဲ့တာကြောင့် အာဆင်နယ်အသင်း ရွေးချယ်မှု မှားယွင်းခဲ့ရပါတယ်။

◾မန်စီးတီးအသင်း ပွဲအစ နှစ်မိနစ်မှာတင် ဦးဆောင်ဂိုး စရခဲ့ပြီး ဂိုးသမားလီနင် နေရာယူ မှားယွင်းမှုကို သတိထားမိတဲ့ ဘာနာဒိုဆေးဗားက မြေနိမ့်ဘော ဖရီးကစ် ကန်သွင်းသွားတာဖြစ်ပါတယ်။ ပွဲချိန်ဆယ်မိနစ်ကျော်မှာ ရီးရဲအသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ကာဗာမင်ဂါရဲ့ အဝေးကန်ချက် ရူဗင်ဒိုင်ယက်နဲ့ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုးရပြီး နှစ်မိနှစ်အကြာမှာ ရီးရဲအသင်း ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ရိုဒရီဂိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းပွဲကစားချိန်မှာ ရီးရဲက နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန်မှာ အနိုင်ရနေတဲ့ ရီးရဲ ခံစစ်ပိတ်ကစားခဲ့တာကြောင့် မန်စီးတီး ဂိုးရဖို့ခက်နေတာခဲ့တာဖြစ်ပါတယ်။ ရီးရဲခံစစ်မှာ လူများနေခဲ့တာကြောင့် မန်စီးတီးကစားသမားတွေ အဝေးကန်ချက်တွေကို အသုံးချကန်သွင်းခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပြီး ဖိုဒန်နဲ့ ဂိုဘိုင်ဒယ်တို့က ချေပဂိုးနဲ့ အနိုင်ဂိုး သွင်းနိုင်ခဲ့တာကြောင့် မန်စီးတီးက ပြန်လည်ဦးဆောင်နိုင်ခဲ့ပေမဲ့ သိပ်မကြာခင်မှာပင် ဗယ်ဗာဒီက ချေပဂိုးပြန်လည် သွင်းယူခဲ့တာကြောင့် တစ်ဖက်သုံးဂိုးစီ သရေကျနေခဲ့ပါတယ်။ လက်ကျန်ပွဲကစားချိန် ဆယ်မိနစ်ကျော်မှာ နှစ်သင်းလုံး ဂိုးထပ်မသွင်းနိုင်ခဲ့ဘဲ သရေရလဒ်နဲ့သာ ပွဲပြီးခဲ့တာကြောင့် ရီးရဲအသင်းရွေးချယ်မှု ပြားတစ်ဆယ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ညမှာလည်း ကျန်ရှိနေတဲ့ပွဲစဉ်နှစ်ပွဲ ဖြစ်တဲ့ အသလက်တီကိုနဲ့ ဒေါ့မွန် ၊ PSG နဲ့ ဘာစီလိုနာပွဲစဉ်တွေကို အကောင်းဆုံး ရွေးချယ်သုံးသပ်ပေးမှာ ဖြစ်လို့ MT Entertainment  ရဲ့ စာမျက်နှာမှာ ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *