တရုတ်အရေးတွင် NUG က NUCC ကိုမတိုင်ပင်၍ ထပ်မလုပ်ရန် သတိပေးသလို ဘင်္ဂါလီကို NUG နှင့် NUCC က နိုင်ငံတော်အဆင့်တောင်းပန်မည်ဟုပါ ကြေညာ

၉. ၄. ၂၀၂၄
Written by Tha Doe

NUG ကို ထိန်းချုပ်ထားတဲ့ NLD ပါတီရဲ့ CEC ဟောင်း ဦးအောင်ကြည်ညွန့်ရဲ့ CRPH နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် အဖွဲ့အစည်း ၃၀ လောက်ဖွဲ့စည်းထားတဲ့ NUCC တို့ ပွတ်တိုက်မှုဖြစ်ပွားနေပြီး NUCC က NUG ကို ဒီနေ့မှာ စာထုတ် ကြိမ်းမောင်းလိုက်ပါတယ်။

NUCC(အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ)ဟာ အချက် ၂၁ ချက်ပါတဲ့ ထုတ်ပြန်ချက်နဲ့ NUG ကို ကြိမ်းမောင်းထားတာဖြစ်ပြီး သူ့ထုတ်ပြန်ချက်တွေအားလုံးက လေလှိုင်းအစိုးရတာဝန်ယူထားတဲ့ NUG မလုပ်နိုင်တာတွေ ထောက်ပြထားတာဖြစ်ပြီး အမှတ်စဥ် (၈) မှာဆို “၈။ တရုတ်နိုင်ငံဆိုင်ရာမူဝါဒထုတ်ပြန်မှု၊ ဘုံနိုင်ငံရေးရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်မှု၊ FSCC ဖွဲ့စည်းမှုတို့ကဲ့သို့ နိုင်ငံရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်သူ့ညီလာခံ ကို ကိုယ်စားပြုထားသော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအား တိုင်ပင်ဆွေးနွေးမှုမရှိဘဲ အမျိုးသားညီညွတ်ရေးအစိုးရမှ လုပ်ဆောင်ခဲ့ခြင်းများသည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ပြဌာန်းချက်များကို ချိုးဖောက်ကျော်လွန် လုပ်ဆောင်ခဲ့သဖြင့် ထပ်မံ လုပ်ဆောင်ခြင်းများ မပြုလုပ်ရန်” လို့ NUG ရဲ့ လုပ်ရပ်တွေ တားမြစ်ကြိမ်းမောင်းခဲ့ပါတယ်။

ဒါ့အပြင် အမှတ်စဥ် (၁၁) မှာ “တိုင်းရင်းသားပြည်သူလူထုများနှင့် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် အစိုးရခေတ် အဆက်ဆက်က ကျူးလွန်ခဲ့သော အနိုင်ကျင့် ဖိနှိပ်ညှင်းပန်းခဲ့မှုများ အားလုံးအတွက် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့မှ ဦးဆောင်၍ နိုင်ငံတော် အဆင့် ဝန်ချတောင်းပန်မှု (National Apology) ပြုလုပ်ရန်” လို့ ဘင်္ဂါလီတွေ တောင်းပန်ဖို့ NUCC က ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် PDF တွေရဲ့ မုဒိမ်းမှုနဲ့ပတ်သက်ပြီး အမှတ်စဥ် (၁၃) မှာ “တော်လှန်ရေးကာလအတွင်း အမျိုးသမီးများ၊ လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် လိင်ပိုင်း ဆိုင်ရာထိပါးနှောင့်ယှက်မှု၊ လိင်အကြမ်းဖက်မှု၊ မုဒိမ်းကျင့်မှု၊ သက်ငယ်မုဒိမ်းမှု၊ သတ်ဖြတ်မှုများ ကို လုံးဝငဲ့ညှာမှုမရှိမူဝါဒ (zero tolerance) ဖြင့် ပြတ်သားစွာ အရေးယူဆောင်ရွက်ရန်” လို့ ညွှန်ကြားခဲ့သလို PDF မထောက်ခံရင် ဖမ်းဆီးသတ်ဖြတ်လုယက်ပြန်ပေးဆွဲနေတာနဲ့ပတ်သက်လို့လည်း အမှတ်စဥ် (၁၄) မှာ “တော်လှန်ရေးကာလအတွင်း ပြည်သူလူထုအပေါ် မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန်” လို့ ညွှန်ကြားခဲ့တဲ့အပြင် PDF တွေ ဆက်ကြေးကောက်၊ လုယက်နေတာကိုလည်း အမှတ်စဥ် (၁၆) မှာ ” တော်လှန်ရေးထိန်းချုပ်နယ်မြေများအတွင်း အခွန်ကောက်ခံမှုများကို စနစ်တကျရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ပြည်သူလူထုအပေါ် မတရားသဖြင့် အခွန်ကောက်ခံနေမှု များကို ထိရောက်စွာတားဆီးအရေးယူရန်”လို့ NUCC က အမိန့်ပေးခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူလူထုအလှူငွေတွေကို ကိုယ်ကျိုးရှာ၊ မယားငယ်ထား၊ သောက်စားမူးရူးနေပြီး နိုင်ငံကြီးတွေမှာမိသားစုဘဝကောင်းစားရေးလုပ်နေတယ်လို့ဝေဖန်ခံနေရတဲ့ NUG အစိုးရအဖွဲ့ဝင်တွေရဲ့ ဘဏ္ဍာငွေသုံးစွဲမှုကိုလည်း အမှတ်စဥ် (၁၇) မှာ “အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဘဏ္ဍာငွေရှာဖွေမှုနှင့် သုံးစွဲမှုများကို စိစစ်ကြပ်မတ်နိုင်ရေး စီမံလုပ်ဆောင်ရန်နှင့် ဘဏ္ဍာရေးစာရင်းအင်းများအား စာရင်းစစ်အဖွဲ့များဖြင့် စစ်ဆေးကြီးကြပ်မှု များ လုပ်ဆောင်၍ ပြည်သူ့ညီလာခံသို့ အစီရင်ခံစာ တင်ပြရန်” ဆိုပြီး ကန့်သတ်လိုက်တာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *