April 30, 2024

၉ . ၄ .၂၀၂၄
Written by MMAK

အာဆင်နယ် Vs ဘိုင်ယန်မြူးနစ်

ဒီရာသီမှာ အာတီတာရဲ့ ဦးဆောင်မှုနဲ့ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆိုတဲ့ အကြီးကျယ်ဆုံး ဖလားနှစ်လုံး လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဖလားရဖို့ကံ မပါလာတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ထားတဲ့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကတော့ ဒီရာသီမှာ အဆိုးဆုံး အခြေအနေ ရင်ဆိုင်နေရပြီး အသင်းရဲ့ အုပ်ချုပ်ရေးပိုင်း ပြဿနာတွေ၊ နည်းပြတူချယ်ကို ထုတ်ဖို့်နဲ့ ဆက်ထားမယ်ဆိုရင် အသင်းပြောင်းမယ်ဆိုတဲ့ ကစားသမားတွေကြောင့် ပြဿနာတွေ မျိုးစုံဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အမှတ်ပေးဖလားနဲ့ ပိုကယ်ဖလားတို့ကို လက်လွတ်ထားခဲ့ရပြီး ချန်ပီယံလိဂ်ဖလားဟာ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း အရမ်းကောင်းခဲ့တဲ့ အချိန်တွေမှာဆို ပရီးမီးယားကလပ်တွေကို ကောင်းကောင်းနှိပ်ကွက်ခဲ့တာဖြစ်ပြီး ဂိုးပြတ်တွေနဲ့ အနိုင်ယူခဲ့တာဖြစ်လို့ အားလုံးအစား ဂန်းနားတို့က လက်စားပြန်ချေပြနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ရှင်အာဆင်နယ်အသင်းက တစ်လုံးကို လေးဆယ်စားအထိပေါက်ကြေးပြင်းပြင်း ကြေးကြောပြန်ပေးနေပုံအရ ဒီညမှာတော့ ဂျာမန်ဘီလူးကြီးကို ဂန်းနားတို့ ပညာပြန်ပြမဲ့ည ဖြစ်လာမယ်ထင်ပါတယ်။ အာဆင်နယ်အသင်းကစားသမားတွေနဲ့ အနိုင်ယူလိုမှု ကွင်းအပြည့်နီးပါး ပရိတ်သတ်တွေရဲ့ အားပေးမှုတို့်အောက်မှာ အရာရာနိမ့်ကျနေတဲ့ ဘိုင်ယန်မြူးနစ်အသင်း အရှုံးနဲ့ အိမ်ပြန်ရမဲ့ ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ နည်းပြ အာတီတာအနေနဲ့ အဝေးကွင်းပွဲစဉ် ပြန်ကစားရမဲ့ပွဲစဉ်မှာ ခက်ခဲနိုင်တာကြောင့် အိမ်ကွင်းပွဲစဉ်မှာ အပြတ်ဖြတ်ထားဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်အာဆင်နယ်အသင်း အနိုင်သေချာနေသလို ဂျာမန်ဘီလူးကြီးကို မင်းတို့ဟာ မှင်စာလောက်ပဲ ရှိတော့တယ်ဆိုတာ အကောင်းဆုံး သက်သေပြပါလိမ့်မယ်။

◾ ရီးရဲမက်ဒရစ် Vs မန်စီးတီး

လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ဘုရင်ကြီး တော်ဝင်မက်ဒရစ်တို့ ကွာတားဖိုင်နယ်အဆင့်မှာတင် တွေ့ဆုံနေတာဖြစ်ပါ။ ပြီးခဲ့တဲ့နှစ်က ဆီးမီးဖိုင်နယ်အဆင့်မှာ စတင်တွေ့ဆုံခဲ့တာ ဖြစ်ပြီး မန်စီးတီးအသင်းက ဖိုင်နယ်တက်ကာ ချန်ပီယံလိဂ်ဖလားကို စတင်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်ကစားသမားတွေနဲ့ သမ္ဘာရင့်နည်းပြကြီး အန်ဆယ်လော့တီတို့ ပေါင်းစပ်ထားတဲ့ ရီးရဲအသင်းက အရင်နှစ် ရီးရဲအသင်းထက် ပိုကောင်းတဲ့ အသင်းဖြစ်နေချိန်မှာ မန်စီးတီးက အရင်ရာသီမှာ ဖလားစုံသိမ်းခဲ့တာကြောင့် ဒီရာသီမှာ မနှစ်ကလောက် ကြိုးကြိုးစားစား မကစားကြတော့ပါဘူး။ အရင်ရာသီ ရီးရဲအသင်းရဲ့ အိမ်ကွင်းမှာ မန်စီးတီးအသင်းက ပြားခုနှစ်ဆယ်ရှုံးလောက်ထိ ကြေးပေးခဲ့တာ ဖြစ်ပေမဲ့ အခုပွဲစဉ်မှာ ပြားတစ်ဆယ်လောက်သာ မရဲတရဲပေးထားတာ တွေ့ရပါတယ်။ မန်စီးတီးအသင်းရဲ့ နောက်တန်းကစားသမားတွေက အရမ်းနှေးကြသလို အရမ်းမြန်တဲ့ ဝေါ်ကာ မပါနိုင်တဲ့ ခံစစ်က စိုးရိမ်စရာကောင်းပြီး ဘောလုံးကိုင်ကစားမဲ့ မန်စီးတီးအသင်းအနေနဲ့  အရမ်းမြန်တဲ့ ရီးရဲအသင်းရဲ့ တန်ပြန်တိုက်စစ်ကို ဘယ်လိုထိန်းသွားမလဲဆိုတာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သလို ဂွါဒီယိုလာ အဖြေရှာရမဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ လက်ရှိချန်ပီယံ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်ဆက်ရသွားမယ်မထင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ရမယ်ဆိုရင် သူ့ကိုဖြုတ်ချမဲ့အသင်းက ရီးရဲတစ်သင်းသာ အကောင်းဆုံးရင်ဆိုင်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒုတိယအကျော့ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ကစားရ ခက်ခဲနိုင်တာကြောင့် အန်ဆယ်လော့တီအနေနဲ့  အိမ်ကွင်းဘာနေဗျူးမှာ အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်ထားမှာ သေချာပါတယ်။ မန်စီးတီးအသင်း ဘယ်လောက်ကောင်းကောင်း ချန်ပီယံလိဂ်ဘုရင်ကြီး တော်ဝင်ရီးရဲမက်ဒရစ်အသင်းရဲ့ အိမ်ကွင်းဘာနေဗျူးမှာတော့ အနိုင်ရဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ဒီပွဲမှာ ရီးရဲအသင်း မရှုံးနိုင်ပါဘူး။ သရေနဲ့ အနိုင်သာ ဖြစ်နိုင်တာကြောင့် ရီးရဲအသင်းကို ရွေးချယ် ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *