-Comment တစ်ကြောင်းပေးရုံနဲ့ ကျပ် ၁ သိန်းအထိ ချီးမြှင့်မဲ့ MT News ရဲ့ Debate

၁၂. ၁၂. ၂၀၂၂
MT News Debate

တောတွင်းရောက် PDF လူငယ်တွေ အငတ်ငတ်အပြတ်ပြတ်နဲ့ တိုက်ခိုက်နေရချိန်မှာ သာမန်ပြည်သူလူထုတွေက ပျော်ရွှင်ပြမနေဖို့နဲ့ ဒီလို ပျော်ရွှင်နေသူတွေကို ဆဲဆိုခြိမ်းခြောက် တိုက်ခိုက်တာတွေကို လက်ရှိမှာ မြင်နေရပါတယ်။

တစ်ဖက်မှာလည်း မန်းရွှေစက်တော်ဘုရားပွဲ၊ ပြင်ဦးလွင်ပန်းပွဲတော်တွေ ပြန်လည်ကျင်းပဖို့ လုပ်ဆောင်နေတာ တွေ့ရသလို ခရီးသွားကာလဖြစ်တာကြောင့် အပန်းဖြေရာ ပင်လယ်ကမ်းခြေတွေ လူအပြည့်နဲ့ စည်ကားနေတဲ့အပြင် ဘီယာဆိုင်တွေ၊ Bar တွေ၊ ပါတီ နိုက်ကလပ်တွေကလည်း ကျင်းပချိန်တိုင်း လူအပြည့်နဲ့ပါ။

ဒါ့အပြင် ၃ ရက်၊ ၄ ရက်ဆက် ပိတ်ရက်ထပ်သွားတဲ့ ကာလမျိုးမှာဆိုရင်လည်း ဒေသအနှံ့အပြားကို ဘုရားဖူးထွက်ကြ၊ ခရီးထွက်ကြလို့ ရန်ကုန်မြို့ရဲ့  ဝင်ထွက်သွားလာရာလမ်းကြောဟာ ကားတွေပိတ်ဆို့နေတာကိုလည်း တွေ့ကြရမှာပါ။

ဒီလိုမျိုး ပြည်သူလူထု သွားလာပျော်ပါးနေတာကို မနှစ်သက်ကြသူတွေကလည်း ဒီလိုပျော်ပွဲရွှင်ပွဲတွေမပါဖို့ ပါတာနဲ့ တိုက်ခိုက်မယ်ဆိုတာမျိုး ခြိမ်းခြောက်ကြပါတယ်။ လတ်တလောမှာဆိုရင်လည်း အောက်တိုဘာ ၇ ရက်တုန်းက ထားဝယ်ရိုးရာ သပိတ်မျှောပွဲကျင်းပနေချိန်မှာ Guerrilla Dawei PDF အဖွဲ့က မိုင်းခွဲခဲ့တာ၊ အောက်တိုဘာ ၁၂ ရက်မှာ ကျိုက်ထီးရိုးဘုရားဆီ လာရောက်ဖူးမြော်သူတွေကို မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ လုံခြုံရေးအရာရှိဟောင်း အေးမင်းထွန်းဦးဆောင်တဲ့ KNU/KNLA နဲ့ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် လေးဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၈ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာ ကထိန်ခင်းနေချိန် ShweBo Federal Army (SBFA) က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ငါးဦးသေဆုံးရတယ်ဆိုတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း ရွေစက်တော်ဘုရားပွဲအပြင် ပြင်ဦးလွင်ပန်းပွဲတော်၊ အာနန္ဒာဘုရားပွဲ၊ ကချင်မနောပွဲ၊ ကရင်နှစ်သစ်ကူး၊ နာဂရိုးရာနှစ်သစ်ကူးပွဲ၊ ထမနဲပွဲ၊ ကျိုက်ခေါက်ဘုရားပွဲ၊ အလောင်းတော်ကဿပ ဘုရားပွဲ၊ ဗောဓိတစ်ထောင်ဘုရားပွဲ၊ မဟာမုနိဘုရားပွဲ၊ ကရင်ရိုးရာမီးပုံပွဲစတဲ့ မြန်မာမှာ ကျော်ကြားတဲ့ ပွဲတော်အများအပြားဟာ မေလကုန်အထိ ကျင်းပကြမှာပါ။ ဒီလို ခရီးသွားလာတွေ များပြားတာနဲ့အမျှ ဒေသကလူတွေ စားဝတ်နေရေးအဆင်ပြေပေမဲ့ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စည်သင့်သလောက် မစည်တာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် MT News ရဲ့ ပထမဆုံး Debate ကို ဒီကာလကြီးမှာ ဘုရားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပသင့်သလား။ ဘုရားပွဲတွေ ကျင်းပနေရင်ရော ပြည်သူလူထုကြားမှာ PDF က ဗုံးခွဲတိုက်ခိုက်တာ မှန်သလား။ ဗုံးခွဲတိုက်ခိုက်မယ် သတိပေးထားရဲ့သားနဲ့ ဗုံးအခွဲမခံရအောင် ကာကွယ်မပေးနိုင်တဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ ဆိုတဲ့ အချက်တွေအပေါ်မှာ ယဉ်ကျေးအေးချမ်းစွာ ငြင်းခုန်စေလိုပါတယ်။

ဒီအတွက် အကောင်းဆုံး ဝေဖန်ဆွေးနွေးနိုင်တဲ့ ပထမဆုရရှိသူကို ကျပ် ၅၀၀၀၀၊ ဒုတိယ ရရှိသူကို ကျပ် ၃၀၀၀၀ နဲ့ တတိယရရှိသူကို ကျပ် ၂၀၀၀၀ စီ အသီးသီး MT News က ချီးမြှင့်သွားမှာဖြစ်ပါတယ်။

စည်းကမ်းချက်များ

၁။ အကောင့်တုဖြစ်စေ၊ အကောင့်စစ်ဖြစ်စေ မည်သူမဆို ဝင်ရောက်ဆွေးနွေးနိုင်မည်ဖြစ်ပြီး K Pay မှသာ ဆုငွေချီးမြှင့်မည်ဖြစ်ကာ ဆုရရှိသူအချက်အလက်လုံခြုံရေး MT News အယ်ဒီတာအဖွဲ့က ကာကွယ်ပေးမည်ဖြစ်သည်။

၂။ ဝင်ရောက်ဆွေးနွေးသူသည် Myanmar Transparency News Page ကို Like & Follow လုပ်ထားပြီး ယခုပိုစ့်ကို Public ဖြင့် Share ရမည်ဖြစ်ကာ ဆုရရှိချိန်တွင် ထိုအချက်များကို Screen Shot ဖြင့် သက်သေပြသနိုင်ရမည် ဖြစ်သည်။

၃။ မိမိဝင်ရောက် ထင်မြင်ငြင်းခုန်သည့် MT News Debate ပိုစ့်အောက်တွင် မိမိမိတ်ဆွေများကို Like & Reaction ပေးရန် ဖိတ်ခေါ်ခြင်းနှင့် ထင်မြင်ချက်ပေးရန် ဖိတ်ခေါ်ခြင်းများ အကန့်အသတ်မရှိ ပြုလုပ်နိုင်မည်ဖြစ်ပြီး ထိုသို့ ဖိတ်ခေါ်မှုနှင့် ပြန်လည်ငြင်းခုန်မှုအောက် ရိုင်းစိုင်းစွာဆဲရေးသူများကို ကွန်းမန့်ဖျက်ပြီး အကောင့် Ban ပေးရန် MT News ကို တောင်းဆိုနိုင်မည်ဖြစ်သည်။

၄။ MT News ၏ Debate သည် လက်နက်ကိုင်များကို ကြောက်ရွံ့သဖြင့် မြန်မာနိုင်ငံတွင် တိတ်ဆိတ်လာနေသည့် ကြားနေပြည်သူများ၏ အသံနှင့် ထင်မြင်ချက်ကို နားထောင်လိုခြင်းနှင့် မှန်ရာကို ပြောရဲသည့်အသံများ တိတ်ဆိတ်လာနေခြင်းကို ပြည်သူ့အသံ ပြန်လည်ထွက်ပေါ်စေလိုသည့်အတွက် Debate ကျင်းပခြင်းဖြစ်သဖြင့် ရိုင်းစိုင်းဆဲဆိုသော ထင်မြင်ငြင်းခုန်မှုများကို လက်ခံမည်မဟုတ်ဘဲ ဆဲဆိုသည့်အကောင့်များကို Ban ကာ မန့်များဖျက်မည်ဖြစ်သည်။

၅။ ဆုချီးမြှင့်မည့်ပုံစံမှာ – ဒီဇင်ဘာ ၁၂ ရက် ပိုစ့်တင်ချိန်မှ ဒီဇင်ဘာ ၁၅ ရက်အတွင်း ငြင်းခုန်နိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက် ည ၉ နာရီအချိန် ရှိနေသည့် ကွန်းမန့်များမှ Like & Reaction အများဆုံးရရှိထားသူအား ပထမသတ်မှတ်ကာ ကျပ် ၅၀၀၀၀၊ ဒုတိယအများဆုံးရရှိသူအား၊ ကျပ် ၃၀၀၀၀၊ တတိယအများဆုံးရရှိသူအား ကျပ် ၂၀၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

၆။ သို့သော် ချီးမြှင့်မည့် Commentator များ၏ ထင်မြင်ချက်အပေါ် Like & Reaction ပေးသူမှာ အနည်းဆုံး ၅၀ အထက် ရှိရမည်ဖြစ်ပြီး Like & Reaction ၅၀ မကျော်ပါက MT News အယ်ဒီတာအဖွဲ့မှ စိတ်ကြိုက်ရွေးချယ်ကာ နှစ်သိမ့်ဆု ကျပ် ၁၀၀၀၀ သုံးဆုသာ ချီးမြှင့်မည်ဖြစ်သည်။

၇။ သတ်မှတ်စည်းကမ်းများနှင့် မကိုက်ညီခြင်းကြောင့် အငြင်းပွားမှုဖြစ်ပေါ်ပါက MT News အယ်ဒီတာအဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

MT News အယ်ဒီတာအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *