စစ်ပွဲကာလအတွင်း ရုရှားတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံစွမ်းအင်ကွန်ရက်စနစ်ပျက်စီးကာ မြို့တော် ကီးအက်ဗ်၌ ဓာတ်အားများပြတ်တောက်နေသည်ကိုတွေ့ရစဉ်။

၁၂. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒီဇင်ဘာ ၁၁ ရက်တွင် ဖုန်းပြောကြားမှုပြုခဲ့ပြီးနောက် ယူကရိန်းနိုင်ငံအတွင်း ရုရှားတပ်များဝင်ရောက်သည်မှစ၍ အမေရိကန်အစိုးရ၏ ယူကရိန်းနိုင်ငံသို့ မကြုံစဖူး အကူအညီပေးခဲ့မှုများအတွက် ဂျိုးဘိုင်ဒန်အား အထူးကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

၎င်းက အမေရိကန်အစိုးရ၏ ယူကရိန်းနိုင်ငံသို့ မကြုံစဖူး ကာကွယ်ရေးနှင့် ငွေရေးကြေးရေးအထောက်အပံ့ပြုမှုများအတွက် အထူးကျေးဇူးတင်ကြောင်း၊ ၎င်းအကူအညီက စစ်မြေပြင်တွင် အောင်ပွဲရရန်အတွက်သာမဟုတ်ဘဲ ယူကရိန်းနိုင်ငံ၏ စီးပွားရေးတည်ငြိမ်စေရန် ထောက်ပံ့ပေးခြင်းလည်းဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံ၏စွမ်းအင်စနစ် ပြန်လည်ထိန်းသိမ်းနိုင်ရေး အမေရိကန်က ပံ့ပိုးပေးခဲ့ခြင်းကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောခဲ့သည်။

သို့ရာတွင် ယူကရိန်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ကွန်ရက်စနစ်မှာ ရုရှား၏ ဒုံးပျံများ၊ မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် ဆိုးရွားစွာပျက်စီးကာ ယူကရိန်းနိုင်ငံသား သန်းနှင့်ချီ၍ ဆောင်းတွင်းကာလတွင် လျှပ်စစ်ဓာတ်အားမရရှိဘဲ ဖြစ်နေသည်။

မြို့တော် ကီးယက်ဗ်၏ လမ်းများမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် မှောင်မဲနေသည်ကို တွေ့ကြရသည်။ ယူကရိန်းနိုင်ငံ၏ စီးပွားရေးသည်လည်း ၂၀၂၂ ခုနှစ်အတွင်း ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။
Ref—CNA

Leave a Reply

Your email address will not be published. Required fields are marked *