မော်ရိုကိုအား ရှုံးနိမ့်မှုကြောင့် ငိုကြွေးနေသော CR7

MT News

စပိန်ကို ကန်ထုတ်​ပြီး ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးကွာတားဖိုင်နယ်ကို တက်လာခဲ့တဲ့ မော်ရိုကိုဟာ ပေါ်တူဂီလိုအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ ထပ်မံ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။

အာဖရိက- အာရပ်အသင်းတွေထဲမှာ ပထမဆုံးဆီမီးဖိုင်နယ်တက်လာတယ်လို့ ပြောရမဲ့ မော်ရိုကိုအသင်းဟာ ရိုနယ်လ်ဒိုပါလာမှာမဟုတ်တဲ့ ကစားကွက်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့တာကြောင့် ကျစ်လျစ်တဲ့ ခံစစ်ရဲ့ အစွမ်းပြမှုနဲ့အတူ ပထမပိုင်း ၄၂ မိနစ်ကတည်းက ပေါ်တူဂီကို အနိုင်ဂိုးသွင်းထားနိုင်ခဲ့တာပါ။

ပြောရမယ်ဆိုရင် ဒီနေ့ပွဲမှာ မော်ရိုကိုအသင်းဟာ စပိန်အသင်းကို ကန်ထုတ်ခဲ့တဲ့ ပွဲစဥ်တုန်းကလောက်တောင် မပင်ပန်းဘဲ သက်သောင့်သက်သာနဲ့ တန်ပြန်တိုက်စစ်တွေချောင်းပြီး ကစားခဲ့တာဖြစ်လို့ ဘောလုံးပိုင်ဆိုင်မှူသာတဲ့ ပေါ်တူဂီနီးနီးဂိုးကန်သွင်းခဲ့တာဖြစ်ပြီး ဂိုးပေါက်တည့်မှုမှာ သုံးကြိမ်ထပ်တူဖြစ်ခဲ့တာပါ။

မော်ရိုကိုရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကို ၄၂ မိနစ်မှာ အယ်လာရဲ့ ဖန်တီးမှုကနေ အန်နပ်စ်ရီက သွင်းယူခဲ့တာပါ။ ကြံရာမရဖြစ်တဲ့ ပေါ်တူဂီအသင်းဟာ ဂိုးသွင်းခံရချိန်မှ သွေးရူးသွေးတန်းနဲ့ ရိုနယ်လ်ဒို၊ ကန်ဆယ်လို၊ လီအိုတို့ကို ထည့်ခဲ့ပေမဲ့ ဟာကီမီတို့ရဲ့နောက်တန်းနဲ့ ဘိုနိုရဲ့လက်စွမ်းကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၂ ကမ္ဘာ့ဖလားကို နှုတ်ဆက်ကြရပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *