MT News

Translated by Htwe Ko Tun

ဟောင်ကောင်ရှိ လူနေအဆောက်အအုံတစ်ခုတွင် စင်မြင့်တစ်ခု၌ မီးလောင်မှု ဒီဇင်ဘာ ၁၀ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၁၁ မိနစ်ကဖြစ်ပွားခဲ့ရာ အဆောက်အအုံအတွင်းမှ လူ ၉၂ ဦးကယ်ထုတ်ခဲ့ရပြီး တစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။

ထိုလူနေအဆောက်အအုံမှာ မုန်းကို့ခရိုင်၊ ဒွန်ဒတ်စ်လမ်းတွင်ရှိပြီး မီးကို မီးသတ်ကား ၁၇ စီး၊ မီးသတ်သမား ၈၄ ဦးတို့ဖြင့် တစ်နာရီခန့်ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ကပြောခဲ့သည်။ ထို့ပြင် မီးလောင်သည့်အဆောက်အအုံသည် စားသောက်ဆိုင်များ၊အခြားအထပ်မြင့်အဆောက်အအုံများဝိုင်းရံနေ၍ ခက်ခက်ခဲခဲမီးငြှိမ်းသတ်ခဲ့ရသည်ဟုလည်း သိရသည်။

Ref, SCMP News

Leave a Reply

Your email address will not be published. Required fields are marked *