April 30, 2024

၃၀ .၃ .၂၀၂၄
Written by MMAK

◾နယူးကာဆယ် Vs ဝက်စ်ဟမ်း

ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တဲ့ နယူးကာဆယ် ဒီရာသီမှာ ဥရောပဝင်ခွင့်ရဖို့ မျှော်လင့်ချက် နည်းနေခဲ့ပါတယ်။ နယူးကာဆယ် အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်မကောင်းခဲ့ပေမဲ့ အိမ်ကွင်းခြေစွမ်းနဲ့ တိုက်စစ်ကတော့ တကယ်ကောင်းပါတယ်။ နောက်ဆုံး နှစ်ပွဲဆက်ရှုံးထားခဲ့လို့ အခုအိမ်ကွင်းပွဲမှာတော့ အနိုင်ရဖို့ အားထည့်ကစားလာမှာ သေချာပါတယ်။ ဝက်စ်ဟမ်းကတော့ ပုံမှန်ခြေစွမ်းပြနေတဲ့အသင်းဖြစ်ပေမဲ့ အဓိကပွဲထွက်ကစားသမား ကွင်းလယ်လူ အဲဗာရက် မပါဝင်နိုင်တာကြောင့် နယူးကာဆယ်ရဲ့ ကွင်းလယ်ကို ယှဉ်ကစားနိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရနိုင်ပါတယ်။ အိမ်ရှင်နယူးကာဆယ်ရဲ့ တစ်လုံးရှစ်ဆယ်စား ပေါက်ကြေးကို သိပ်သဘောမကျပေမဲ့ နယူးကာဆယ်အိမ်ကွင်းမှာ အနိုင်ရသွားမယ်လို့ ယူဆတာကြောင့် အိမ်ရှင်ကို ရွေးချယ်ထားချင်ပါတယ်။

ဘုန်းမောက် Vs အဲဗာတန်

ဘုန်းမောက်ရဲ့ တိုက်စစ်က ဂိုးရဖို့ မပူရသလို အိမ်ကွင်းတိုက်စစ်ပိုကောင်းတာ တွေ့ရပါတယ်။ ဘုန်းမောက်မှာ အမှတ်လိုအပ်ချက်နဲ့ ဖိအားမရှိပေမဲ့ တန်းဆင်းဇုန်အထက်က အဲဗာတန်ကတော့ အမှတ်လိုအပ်ချက် ရှိနေသေးတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘုန်းမောက်ရဲ့ ဘော်ဒီကြေးက ပြားလေးဆယ်သာ ပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ကြေးအရ နှစ်သင်းလုံး ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးမျိုးပါ။ အမှတ်လိုအပ်တဲ့ အဲဗာတန် တိုက်စစ်ဖွင့်ကစားမယ်ဆို အိမ်ရှင်ဘုန်းမောက်ကလည်း တိုက်စစ်ဖွင့်ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီ သေချာနေတာမို့ ဂိုးပေါ် တစ်ကြောင်းကလွဲပြီးရွေးချယ်စရာ မရှိပါဘူး။ တိုက်စစ်ဖွင့်ကစားကြမဲ့ ဒီပွဲမှာ အနိမ့်ဆုံး သုံးဂိုးလောက်ထိ မြင်ရနိုင်တာမို့ ဂိုးပေါ်တစ်ကြောင်းတည်းကို အပိုင်ရွေးချယ်ပေးချင်ပါတယ်။

ချဲလ်ဆီး Vs ဘန်လေ

နောက်ပိုင်းပွဲစဉ်တွေမှာ ချဲလ်ဆီးရဲ့ ခြေစွမ်းနဲ့ ရလဒ်တွေ ပြန်ကောင်းလာတာတွေ့ရသလို တိုက်စစ်ကလည်း ဂိုးပိုမြူးလာတာတွေ့ရပါတယ်။ ဒီအချက်တွေကြောင့် ချဲလ်ဆီးအသင်းရဲ့ ဘော်ဒီကြေး မြင့်မားနေတာတွေ့ရသလို ရမှတ်ရဖို့ အသည်းအသန်လိုအပ်နေတဲ့ ဘန်လေအသင်းကို ချဲလ်ဆီး ဂိုးပြတ်ပါ့မလား စဉ်းစားရမှာ ဖြစ်ပါတယ်။ ဘန်လေအသင်း တန်းမဆင်းရဖို့ မျှော်လင့်ချက် ရှိနေသေးတယ်ဆိုပေမဲ့ အသင်းရဲ့ခံစစ်က ဂိုးတွေအလှူပေးနေရသလို ပြဲထွက်နေတာကြောင့် တန်းဆင်းဇုန်ကို ရောက်နေရတာဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ ဘော်ဒီကြေး ပြင်းရှနေသလို ရလဒ်နဲ့ ခြေစွမ်းကလည်း အကောင်းဆုံးအနေအထား ဖြစ်နေချိန်မှာ ခံစစ်ပြဲလွန်းတဲ့ ဘန်လေကို နှစ်ဂိုးပြတ်နိုင်သွားမယ် ထင်ပါတယ်။ ဘန်လေအသင်းနဲ့ တွေ့တိုင်းလည်း ဂိုးမြူးတတ်တာကြောင့် အိမ်ရှင်ချဲလ်ဆီးကို ရွေးချယ်ပေးချင်ပါတယ်။

နော်တင်ဟန်ဖောရက် Vs ခရစ္စတယ်ပဲလေ့စ်

လေးမှတ်လျှော့ပြစ်ဒဏ်ကျခံရတာကြောင့် နော်တင်ဟန်ဖောရက် တန်းဆင်းဇုန်ထဲကို ရောက်ရှိသွားပါတယ်။ ပဲလေ့စ်ကတော့ တန်းကျန်ဖို့အတွက် သေချာသလောက်ရှိတဲ့ အခြေအနေကြောင့် အမှတ်လိုအပ်ချက် သိပ်မများတာတွေ့ရပါတယ်။ နှစ်သင်းလုံးရဲ့ တိုက်စစ်က တစ်ပွဲတစ်ဂိုးလောက်သာ သွင်းနိုင်တဲ့ အခြေအနေဖြစ်ပြီး တစ်ဂိုးရရင် ရတဲ့အနိုင်ဂိုးကို ထိန်းကစားတတ်ကြတဲ့ အသင်းတွေဖြစ်ပါတယ်။ အိမ်ရှင်ဖောရက်အသင်းက ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးငါးဆယ်အရှုံးပေးထားပါတယ်။ တိုက်စစ်ညံ့တဲ့ နှစ်သင်းဖြစ်လို့ ဂိုးတွေအများကြီး မြင်ရလိမ့်မယ်လို့ မထင်တဲ့အတွက် ဂိုးအောက်ကိုသာ ရွေးချယ်ထားချင်ပါတယ်။ သုံးဂိုးလောက်ထိ ရောက်မယ်မထင်ဘဲ အလွန်ဆုံး နှစ်ဂိုးလောက်သာ ဖြစ်နိုင်ပါတယ်။

ရှက်ဖီး Vs ဖူဟမ်

အမှတ်ပေးဇယားအောက်ဆုံးက ရှက်ဖီးအနေနဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ အမှတ်ရဖို့လိုအပ်သလို လက်ကျန်ဆယ်ပွဲမှာ အသင်းကြီးတွေနဲ့ ငါးပွဲအထိကစားရဦးမှာ ဖြစ်လို့ တခြားအသင်းတွေနဲ့ တွေ့တဲ့အခါတိုင်း အနိုင်ရဖို့အတွက် တိုက်စစ် ဖွင့်ကစားရုံကလွဲလို့ တခြားမရှိပါဘူး။ ဖူဟမ်အသင်းရဲ့ တိုက်စစ်နဲ့ အသင်းရဲ့ ခြေစွမ်းက ပုံစံကောင်းပြသနေတာ တွေ့ရသလို တိုက်စစ်ဖွင့်ကစားကြမဲ့ ပွဲစဉ်မှာ သွင်းဂိုးတွေ သေချာပေါက် မြင်ရဖို့ ရှိပါတယ်။ အိမ်ကွင်းမှာ အနိုင်ရဖို့အတွက် တိုက်စစ်ဖွင့်ကစားလာမဲ့ ရှက်ဖီးအသင်း ဂိုးရမယ်ထင်သလို ဖူဟမ်ရဲ့ တိုက်စစ်ကလည်း ဂိုးရဖို့ သေချာတဲ့ အနေအထားမှာ ရှိပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ကြေးမှာ တစ်ဖက်တစ်ဂိုးစီ သေချာနေတာကြောင့် ဂိုးပေါ်ကိုဘဲ ရွေးချယ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

စပါး Vs လူတန်တောင်း

စပါးရဲ့ ဘော်ဒီပေါက်ကြေးဟာ ဒီအပတ်ပရီးမီးယားလိဂ်တွေ ပွဲစဉ်တွေထဲမှာ အမြင့်ဆုံးဖြစ်ပြီး နှစ်လုံး သရေအထိ အကျောပေးထားတာတွေ့ရပါတယ်။ စပါးက ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှတ်လိုနေတာရယ် လူတန်တောင်းမှာ ဒဏ်ရာရ ကစားသမားများနေတာရယ်ကြောင့် ဒီကြေးပေးထားတာ ဖြစ်ပါတယ်။ စပါးက တိုက်စစ်ကောင်းတာ မှန်ပေမဲ့ သုံးဂိုးပြတ်မှ အနိုင်ရမှာ ဖြစ်သလို လူတန်တောင်းက တစ်ဂိုးလောက်ရသွားမယ်ဆို စပါးအသင်း လေးဂိုးထိသွင်းပြီး ကြေးအောင်ဖို့အတွက်က မလွယ်လှပါဘူး။ လူတန်အသင်းမှာ ဒဏ်ရာရ ကစားသမားများနေတယ် ဆိုပေမဲ့ တိုက်စစ်က မောရစ်နဲ့ တောင်ဆန့် ကွင်းလယ်က ဘာကလေတို့ရဲ့အားနဲ့ တစ်ဂိုးလောက်ပြန်ရသွားနိုင်ပါတယ်။ စပါးအသင်းနည်းတူ လူတန်အသင်းလည်း အမှတ်လိုနေတာ ဖြစ်လို့ နှစ်သင်းလုံး အင်တိုက်အားတိုက် ကစားလာမဲ့ပွဲမှာ ဂိုးပြတ်ကြီးနဲ့ အနိုင်ရသွားမယ်လို့ မထင်ပါဘူး။ လူတန်တောင်းကို ရွေးချယ်ပေးချင်ပါတယ်။

အက်စတွန်ဗီလာ Vs ဝုဗ်

ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ အမ်မရီရဲ့ ဗီလာအသင်းနဲ့ ခြေစွမ်းကောင်းပြနေတဲ့ ဂယ်ရီအိုနေးရဲ့ ဝုဗ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်ပါတယ်။ စပါးအသင်းထက် တစ်ပွဲပိုကစားထားတဲ့ ဗီလာအသင်းအနေနဲ့ အိမ်ကွင်းပွဲမှာ သေချာပေါက် အနိုင်သုံးမှတ်ရထားဖို့ လိုအပ်သလို နောက်အပတ်မှာ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ သွားကန်ရမှာဖြစ်လို့ အမှတ်ရနိုင်ခြေ အားနည်းပါတယ်။ ဗီလာအသင်း အိမ်ကွင်းပွဲမှာ အနိုင်ရဖို့ သေချာပေါက်ပြင်ဆင်လာမဲ့ အချိန်မှာ ဝုဗ်အသင်းအတွက်ကတော့ ဘာဖိအားမှမရှိဘဲ ရှုံးလို့လည်း ဘာမှမဖြစ်ပါဘူး။ ဘော်ဒီကြေး တစ်လုံးတစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးအရလည်း ဗီလာအသင်း တစ်လုံးလောက်နဲ့ နိုင်သွားမယ်ဆိုတဲ့ ပေါက်ကြေးမျိုးဖြစ်ပါတယ်။ အိမ်ရှင်ဗီလာအသင်းကို ရွေးချယ်ပေးချင်ပါတယ်။

ဘရန့်ဖို့ Vs မန်ယူ

တန်းဆင်းဇုန်အထက်က ဘရန့်ဖို့အသင်းအနေနဲ့ အမှတ်လိုအပ်ချက် ရှိနေသေးသလို ဥရောပဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ မန်ယူအသင်းကလည်း အနိုင်သုံးမှတ်ရဖို့ လိုပါတယ်။ မန်ယူအသင်းမှာ လူငယ်ကစားသမားလေး မီနို ခြေစွမ်းပြနေသလို တိုက်စစ်က ဟွိုင်လန်းပြန်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီပွဲပြီးရင်လည်း ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတို့နဲ့ ကန်ရမှာ ဖြစ်လို့ ဒီပွဲမှာ သုံးမှတ်ရဖို့ အရေးကြီးနေပါတယ်။ မန်ယူအသင်းရဲ့ ပြားသုံးဆယ် ဆိုတဲ့ ပေါက်ကြေးက ပျော့နေတယ် ထင်ရသလို ပြားသုံးဆယ်ရင်းပြီး ထိုးသားတွေ မန်ယူအသင်းကို ပုံအောအားပေးလာမဲ့အချိန်မှာ မန်ယူအသင်းကို ရွေးချယ်ဖို့ရာ စဉ်းစားစရာဖြစ်ပါတယ်။ ဘရန့်ဖို့အသင်းကလည်း အိမ်ကွင်းကောင်းတဲ့ အသင်းဖြစ်လို့ မန်ယူအသင်းကို ယှဉ်ကစားနိုင်တဲ့ ခြေစွမ်းမျိုးရှိပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်ရှုံးဆိုတဲ့ ဂိုးပေါင်းကြေးကို ခေါ်ကြေးလို့ ထင်သလို အပြန်အလှန်သွင်းဂိုးတွေ မြင်ရလိမ့်မယ်လို့ မထင်ပါဘူး။ မန်ယူအသင်းကပ်နိုင်လည်း တစ်ဂိုး မနိုင်ရင် တစ်ဖက်တစ်ဂိုးစီ သရေလောက် ဖြစ်နိုင်ပါတယ်။ အလွန်ဆုံး သုံးဂိုးလောက်သာ ဖြစ်နိုင်သလို စုံအောင်သွားတာမျိုး နှစ်ဂိုးစီ သရေကျသွားနိုင်တာမျိုး ဖြစ်မယ်မထင်ပါဘူး။ ဂိုးအောက်တစ်မျိုးတည်းကိုသာ ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *