၃၀. ၃. ၂၀၂၄
Written by Pan Ei

အရှေ့အာဖရိကက ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ မဒါဂတ်စကာနိုင်ငံမှာ အခုသီတင်းပတ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဂါမန်ကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး လူ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ နိုင်ငံရဲ့သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ မဒါဂတ်စကာနိုင်ငံ အရှေ့မြောက်ဘက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အပူပိုင်းဆိုင်ကလုန်း ဂါမန်ဟာ လူပေါင်း ၂၀၀၀၀ ကျော်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ကြောင်း အမျိုးသားဘေးအန္တရာယ်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗျူရို (BNGRC) က အစီရင်ခံစာတစ်ခုမှာ ပြောကြားခဲ့သလို အခြားသုံးဦး ဒဏ်ရာရကာ လေးဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2024-03-30_15-17-38.jpg

ဂါမန်ဟာ မဒါဂတ်စကာရဲ့ အရှေ့မြောက်ဘက်ကုန်းတွင်းပိုင်းကို ပျမ်းမျှလေတိုက်နှုန်း တစ်နာရီကို ကီလိုမီတာ ၁၅၀ နဲ့ လေတိုက်နှုန်း တစ်နာရီကို ကီလိုမီတာ ၂၁၀ ရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်း မိုးတွေလည်း သည်းထန်စွာ ရွာသွန်းခဲ့ကာ ဒေသအများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပြီး နိုင်ငံမြောက်ပိုင်းမှာလည်း လမ်းတွေနဲ့ တံတားတွေ ပြိုကျခဲ့တယ်လို့ သိရပါတယ်။

ဂါမန်မုန်တိုင်းဟာ မဒါဂတ်စကာနိုင်ငံအတွက် မုန်တိုင်းရာသီမှာ ပထမဆုံးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အစောပိုင်းကလည်း ဆိုင်ကလုန်း ဖရက်ဒီနဲ့ အပူပိုင်းမုန်တိုင်း ချန်နီဆိုတို့ကြောင့် အနည်းဆုံး လူ ၃၇ ဦး သေဆုံးခဲ့ရသလို လူပေါင်း ထောင်နဲ့ချီ နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရပါသေးတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *