April 28, 2024

MT News
၂၇. ၃. ၂၀၂၄

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မတ်လ ၂၁ ရက်က ဆီးရီးယား လက်ရွေးစင်အသင်းနဲ့ သုဝဏ္ဏ အားကစားကွင်းမှာ အိမ်ကွင်းပွဲစဉ် ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာအသင်းဟာ တစ်ဂိုးစီ သရေကျခဲ့ပေမဲ့ ဒီမနက်ယှဥ်​ပြိုင်ကစားခဲ့တဲ့ အဝေးကွင်းပွဲစဥ်မှာတော့ ပထမပိုင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ရှုံးပြီး ဒုတိယပိုင်းမှာတော့ လူတစ်ယောက်လျော့၊ ပင်နယ်လ်တီတစ်ဂိုးနဲ့ ၆ ဂိုးထပ်အသွင်းခံရလို့ ၇ ဂိုး ဂိုးမရှိနဲ့ မရှုမလှအရေးနိမ့်ခဲ့ပါတယ်။

လူမစုံတဲ့မြန်မာအသင်းဟာ ပထမပိုင်းမှာ ကမ္ဘာ့အဆင့် ၇၀ ကျော်ကွာတဲ့ ဆီးရီးယားကို ယှဥ်ကန်နိုင်ခဲ့ပေမဲလည်း ပွဲချိန် မိနစ် ၃၀ မှာ ခါဘင်က သူ့ရဲ့ဗွေဆော်ဦးဂိုးသွင်းယူခဲ့သလို ပထမပိုင်းအချိန်ပို ၄၅+၃ မှာ နောက်ခံလူဟိန်းဖြိုးဝင်း ၂ ဝါတစ်နီနဲ့ အထုတ်ခံလိုက်ရပါတယ်။

နဂိုကတည်းက အားနည်းတဲ့မြန်မာအသင်းဟာ အဝေးကွင်းမှာတစ်ယောက်လျော့သွားချိန်မှာတော့ ဘယ်လိုမှယှဥ်မကန်နိုင်တော့ဘဲ ဆီးရီးယားဖိအားပေးမှုအောက်မှု ဂိုးတွေအလှူပေးလိုက်ရပြီး ဒုတိယပိုင်းအစ ၄၇ မိနစ်မှာ ဟီဆာ၊ ၅၁ မိနစ်မှာ အာဂျန်၊ ၅၄ မိနစ်မှာ ခါဘင်၊ ၆၈ မိနစ်မှာ ပင်နယ်လ်တီနဲ့ခါဘင်က သူ့အတွက် ဟက်ထရစ်နဲ့ မိနစ် ၈၀ မှာ ဒါလီတို့က ဂိုးတွေဆက်တိုက်သွင်းယူသွားခဲ့တာပါ။

မြန်မာအသင်းဟာ ၂၀‌၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲမှာ ဂျပန်၊ ​မြောက်ကိုရီးယား၊ ဆီးရီးယားတို့နဲ့ တွေ့ဆုံနေပြီး လေးပွဲကန်ပြီးချိန် ဂျပန်ကို ၅ ဂိုး ဂိုးမရှိရှုံးထားပြီး မြောက်ကိုရီးယားကို ၆ ဂိုး ၁ ဂိုးနဲ့ရှုံးထားပြီး ဆီးရီးယားကိုတော့ ပထမအကျော့ ၁ ဂိုးစီသရေ၊ ဒုတိယအကျော့ ၇ ဂိုး ဂိုးမရှိရှုံးလို့ ပေးဂိုး ၁၇ ဂိုး၊ ရဂိုး ၂ ဂိုးနဲ့ သိက္ခာဆယ်တစ်မှတ်သာရထားလို့ ၂၀၂၆ ကမ္ဘာ့ဖလားအိပ်မက်ကတော့ ဒုတိယအဆင့်နဲ့ပဲ အဆုံးသတ်သွားပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *