၂၇. ၃. ၂၀၂၄
Written by Ye Kyaw

ရုရှားနိုင်ငံ၌ ပြုလုပ်သည့် 2024 ATOMEXPO Xlll သို့ တက်ရောက်နေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်သည် မတ်လ ၂၆ ရက်တွင် အဆိုပါပြပွဲအတွင်း ပြသထားသည့် Robotics Training and Experimental Center သို့ သွားရောက်လေ့လာခဲ့သည့်အပြင် “The nuclear infrastructure: drive of nuclear projects” ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါ “The nuclear infrastructure: drive of nuclear projects” နှင့်ပတ်သက်ပြီး မြန်မာ၊ အီဂျစ်၊ အီသီယိုးပီးယား၊ ဘီလာရုဇ်၊ ရုရှား စသည့်နိုင်ငံတို့မှ တာဝန်ရှိသူများ၊ ပညာရှင်များက ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော် တက်ရောက်ခဲ့သည်။

အီဂျစ်နိုင်ငံမှ Dr. Mohamed Ramadan Badawy (Vice Board Chairman of Nuclear Power Plants Authority of Egypt) ၊ အီသီယိုးပီးယားနိုင်ငံမှ Dr. Teklemariam Tessema (CEO, Technology Development and Transfer Section, Coordinator, Ethiopian Nuclear Expert Group, Ministry of Innovation and Technology of Ethiopia) ၊ ဘီလာရုဇ်နိုင်ငံမှ Dr. Olga Lugovskaya (Head of the Department for Nuclear and Radiation Safety of the Ministry of Emergency Situations of the Republic of Belarus) နှင့် ရုရှားနိုင်ငံမှ Dr. Alexey Ferapontov (Deputy Chairman of Rostechnadzor of the Russian Federation) အပါအဝင် Dr. Michael Chudakov (Deputy Director General, Head of the Department of Nuclear Energy of IAEA (The International Atomic Energy Agency) တို့က တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လျှပ်စစ်ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းကဏ္ဍ၊ လူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး စသည်တို့အတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှု၊ သန့်ရှင်းသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် အသုံးပြုမှုတို့အတွက် နျူကလီးယား အခြေခံအဆောက်အအုံများအား IEEE ၏ Nuclear Infrastructure Issue ၁၉ ခုကို လိုက်နာပြီး တရားဝင်နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်များ ဆောင်ရွက်နိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

2024 ATOMEXPO Xlll အား ရုရှားနိုင်ငံ၊ Sochi မြို့ရှိ Park of Science and Arts Sirius ၌ မတ်လ ၂၅ ရက်နှင့် မတ်လ ၂၆ ရက် နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ပြီး အဆိုပါပြပွဲတွင် ROSATOM နှင့် ရုရှားကုမ္ပဏီများ၏ နျူကလီးယားစွမ်းအင်ဆိုင်ရာ ပြခန်းများနှင့် နိုင်ငံတကာကုမ္ပဏီများမှ နျူကလီးယားဆိုင်ရာ ပြခန်းများ၊ နျူကလီးယားဆိုင်ရာ လျှပ်စစ်ထုတ်လုပ်ရေး၊ မော်တော်ကားထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဆေးပညာပိုင်းဆိုင်ရာကဏ္ဍ၊ ပညာရေးကဏ္ဍတို့အပြင် အဓိကအားဖြင့် လူသားအရင်းအမြစ်ကို အကျိုးပြုစေမည့် လုပ်ငန်းအမျိုးအစားများကို ပါဝင်ပြသခဲ့မှုအပေါ် ကမ္ဘာ့နိုင်ငံပေါင်း ၇၅ နိုင်ငံမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နျူးကလီးယားကုမ္ပဏီများမှ တာဝန်ရှိသူများ အပါအဝင် လူဦးရေ ၄၅၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *